လေပြည်တစ်ချက်အဝှေ့ ယိမ်းခါသွားသော သစ်ပင်ကိုင်းခက်တို့ကြားမှ လရောင်သဲ့သဲ့လေးက တစ်ချက် တစ်ချက် သူတို့နှစ်ယောက်အပေါ် ဖြာကျလာတတ်သည်။
နှုတ်ခမ်းထက်ရှိ နူးညံ့နွေးထွေးနေသောအရာ နဲ့ ခါးတစ်ဝိုက်ဆီမှ တင်းကြပ်စွာ ဖက်တွယ်ထားသော လက်တစ်ဖက်..... သတိလက်လွတ် မျောပါနေမိတဲ့သူရယ်... တဒိတ်ဒိတ် အခုန်မြန်လွန်းနေသော နှလုံးသားကြောင့် ဝိညာဥ်ပင် လွင့်စင်ရတော့မလိုလို ။
' ဟင့်အင်း... မဖြစ်သင့်ဘူး ဒါဟာ လုံးဝ လုံးဝကို မဖြစ်သင့်တဲ့အရာ ..'
အားကုန်ထုတ်ကာ တွန်းဖယ်လိုက်ရင်း ခေါင်းကိုသာ အခါခါယမ်းနေမိတော့သည်။
" ငယ်ထွေး.... "
နာကျင်နေသော မျက်ဝန်းတစ်စုံကြောင့် သည်လူကပါ မျက်ရည်ကျချင်လာသည်။
သည်လိုရင်ခုန်နေတာလည်း မဖြစ်သင့်ဘူး သည်အနမ်းကို ယစ်မူးတာကလည်း မဖြစ်သင့်ဘူး... ထွေးပွေ့မှုတွေမှာ ခိုဝင်မိချင်တာကလည်း မဖြစ်သင့်ဘူး
ပြီးတော့....သည်လူကို ပိုင်ဆိုင်ချင်စိတ်ကလည်း..... မဖြစ်သင့်ဘူးလေ...
" ငယ်.. ငယ်ထွေး.. "
" နောင်ကြီးနဲ့ကျုပ် နောက်ထပ် ထပ်ပြီး မဆုံကြရအောင် ဘယ်တော့မှ..... ဘယ်တော့မှ... "
ကျလုလု မျက်ရည်ကို ထိန်းကာ နောက်လှည့်ကာ ပြေးထွက်ခဲ့သည်။ ခေါင်းငိုက်စိုက်ကျကာ ရပ်နေသူကို ချန်ထားခဲ့ရင်း... ဆူညံသံတွေနဲ့ ပွဲသဘင်ကို ကျောခိုင်းရင်း အဝေးကိုသာ ပြေးထွက်ခဲ့သည်။အိမ်နှင့်မလှမ်းမကမ်းနေရာ အရောက်မှာတော့ ခြေလှမ်းတို့ပင် မထိန်းနိုင်တော့ အပင်အောက်မှာ ဒူးထောက်ချရင်း ရှိုက်ငိုလိုက်မိတော့သည်။
ဘာ့ကြောင့်များ.. ဘာ့ကြောင့်များ သည်လိုအချစ်မျိုးနဲ့ ဆုံတွေ့ခဲ့ရတာလဲ ..
ဓမ္မတာကိုဖီဆန် လွဲမှားစွာနဲ့ပဲ ချစ်ခဲ့မိတာ ယောကျ်ားတစ်ယောက်ကိုတဲ့လား...
ဆုံဆည်းခွင့်မရှိ ပေါင်းဖက်နိုင်ခြင်း မရှိပါဘဲ ဖြစ်တည်လာတဲ့ ရင်ခုန်ခြင်းတွေဟာ.. သိပ်ကို နာကျင်ရတာပဲ... နောင်ကြီးရယ် ...
BẠN ĐANG ĐỌC
ပန်းဘွဲ့အလင်္ကါ (Completed )
Tiểu thuyết Lịch sửအလင်္ကါမောင်...ဆိုတဲ့ ကောင်က ရာသီအလိုက် ပန်းဘွဲ့တွေ သီကျူးနေတဲ့ ကောင် ... နွေရာသီမှာ တွဲခဲ့တဲ့ ကောင်မလေးတွေ နာမည်က. ကံ့ကော်ဦး.. ပိတောက်ဝါ ငုဝါ..... မိုးရာသီမှာ တွဲခဲ့တဲ့ ကောင်မလေးတွေ နာမည်က. စံပယ်ဖြူ.. ဇွန်လေးငုံ ဟော.. ဆောင်းရာသီမှာ တွဲခဲ့ဖူးတဲ့ သ...