မှန်ရှေ့မှာရပ်ရင်း အနောက်တိုင်းဝတ်စုံ ကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြုပြင်လိုက်သည်။ ဆံပင်စ ခပ်ဝဲဝဲက ဖြူဖွေးသော နဖူးပြင်ထက် အနည်းငယ် ကျဆင်းနေသည်။ ကော်ဖီရောင် ဝတ်စုံက ဖြူဆွတ်ဆွတ် သူ့အသားအရေနှင့် လိုက်ဖက်နေသည်။ လက်ပတ်နာရီကို တစ်ချက်ကြည့်ပြီးနောက် စားပွဲပေါ်ရှိ ဖိတ်စာကဒ်ကို ယူကာ အောက်ထပ်ကို ဆင်းဖို့ လှည့်လိုက်စဥ် ကုတင်ပေါ်ရှိ အဝတ်စားထုပ်ကို ကြည့်မိကာ သက်ပြင်းချလိုက်မိသည်။ ဖိတ်စာကဒ်တင်ထားရာ စားပွဲပေါ်တွင် ကျန်ရှိနေခဲ့သည့်က ဖြူလွလွစာရွက်တစ်ခု ။ တာဝန်ခန့်အပ်ကြောင်း.. အကြောင်းကြားစာပေါ့ ။
ဧည့်ခန်းမှာ တီဗွီကြည့်နေတဲ့ ဖေဖေရယ် မီးဖိုခန်းထဲမှာ သူယူသွားရန်အတွက် ကြော်လှော်ချက်ပြုတ်နေဆဲမေမေရယ် ...နှစ်ယောက်စလုံးကို အသိတော့ပေးလိုက်ခဲ့သည်။
" ဖေ...မေ. သား သွားပြီ "
ဖေဖေက ခေါင်းငြိမ့်ပြရုံသာ မေမေကတော့ အနားကပ်လာပြီး ခပ်တိုးတိုးမေးသည်။
" သား အိမ်ပြန်လာမှာလား ဒီည "
" မသိသေးဘူး မေမေ အခြေနေအရပေါ့ "
" အင်းပါ ဂရုစိုက်သွားဦး"
ခြံအပြင်ဘက် လမ်းမထက်တွင်အဖြူရောင်ကားလေးတစ်စီးက ရပ်နေကာ ထိုကားကို မှီရင်း ရပ်နေသည်က အလင်္ကါမောင် ။ နက်ပြာရောင် ဝတ်စုံအပြည့်နှင့် နဂိုချောမောသော ရုပ်သွင်က ပိုလို့ပင် ဆွဲဆောင်မှုပြင်းနေလေသည်။ သပ်သပ်ရပ်ရပ်ပင့်တင်ထားသော ဆံပင်တွေရယ် ရှည်လျားသည့် အရပ်အမောင်းတွေရယ် ပြီးတော့ သည်လို ရုပ်ရည်မျိုးနဲ့သာဆို သူနာပြုလေးတွေ ဘေးမှာ လာဝိုင်းနေတော့မှာပဲ ။
" ဆပ်... မင်းက တကယ်ကြီးကို ခံ့ညားနေတာပဲ ကျောင်းက ကလေးမတွေ မေ့မရအောင်လို့လား "
" ငါက ပြောရမှာပါ မင်းလည်း ဒီလောက်ထိ ပြင်ဆင်လာဖို့ မလိုဘူးလေ "
" အဝေးကို ရောက်သွားလည်း ငါ့ထက်ချောတဲ့သူ မမြင်အောင်လို့ "
" သွားမယ် သွားမယ် လာ လာ.. "
အိမ်နားက မြန်မြန်သွားမှဖြစ်မည်။ မေမေတို့ ထွက်ကြည့်လို့ မြင်သွားလျှင်လည်း မကောင်း။ ဟိုတယ်က မြို့အစွန်နားပေမို့ မိနစ်အနည်းငယ်တော့ အချိန်ယူ မောင်းသွားရပေဦးမည်။ ဒါနဲ့ အလင်္ကါ ဘယ်အချိန်တုန်းက ကားမောင်းသင်ထားတာလဲ ။
YOU ARE READING
ပန်းဘွဲ့အလင်္ကါ (Completed )
Historical Fictionအလင်္ကါမောင်...ဆိုတဲ့ ကောင်က ရာသီအလိုက် ပန်းဘွဲ့တွေ သီကျူးနေတဲ့ ကောင် ... နွေရာသီမှာ တွဲခဲ့တဲ့ ကောင်မလေးတွေ နာမည်က. ကံ့ကော်ဦး.. ပိတောက်ဝါ ငုဝါ..... မိုးရာသီမှာ တွဲခဲ့တဲ့ ကောင်မလေးတွေ နာမည်က. စံပယ်ဖြူ.. ဇွန်လေးငုံ ဟော.. ဆောင်းရာသီမှာ တွဲခဲ့ဖူးတဲ့ သ...