" အလင်္ကါ.... ငါပြန်ရောက်နေပြီ " တဲ့ ဖုန်းထဲမှာ ရောက်နေသည့် ခပ်တိုတို မက်ဆေ့ချ် လေးက ချက်ချင်းပင် လမ်းတစ်ဖက်က အိမ်ဆီ အပြေးသွားမိအောင် လုပ်ဆောင်နိုင်ခဲ့သည်။
CDM တွေကို ဖမ်းဆီးကြောင်း သတင်းတွေရကတည်းက အစိုးရိမ်လွန်ကာ ပြန်လာခဲ့ဖို့ တတွတ်တွတ် ပြောနေခဲ့ပေမယ့် ပြန်မလာခဲ့သော သူ ။ တာဝန်ကျရာ နယ်မှာ ရှေ့ဆုံးက ဦးဆောင်လို့ လမ်းပေါ်တောင် ထွက်လိုက်သေးသဗျာ ။ အဝေးကနေ နေမထိထိုင်မထိ စိတ်ပူခဲ့ရခြင်းတွေဟာ.... ပြန်ရောက်ပြီ ဆိုသော စာတစ်ကြောင်းကြောင့် အနည်းငယ်တော့ အေးချမ်းသွားခဲ့ရသည်။
တစ်ဖက်ခြံဝ ရောက်လျှင် ရောက်ချင်းမှာပဲ ညဆိုင်း အလုပ်က ပြန်လာသော ဦးလေးနှင့်တန်းတိုးတော့သည်။ ခပ်ထန်ထန်မျက်နှာပေးနှင့် ဦးလေးကို မဝံ့မရဲနှင့် ကြည့်ကာ စပ်ဖြီးဖြီးရယ်ပြလိုက်ရသည်။ အရှေ့ကို ခပ်လှမ်းလှမ်းလျှောက်သွားပြီးမှ စကားတစ်ခွန်းဆိုလာသည်။
" မင်းကို ကြည်ဖြူနေသေးတာမဟုတ်ဘူးနော်... သိပ်အရဲမတင်းနဲ့ "
အိမ်ထဲရောက်သည့်အခါမှာတော့.. ဦးလေးက အပေါ်ထပ်ပင် တက်သွားချေပြီ ။ အန်တီကတော့ ခပ်ပြုံးပြုံးနဲ့
" အပေါ် တက်သွားလေ...သား. " ဟု ဆိုသည်။
ဒေါက်..ဒေါက်.. ဒေါက်
ခပ်ညိုညို သစ်သားတံခါးကို မျက်တောင်မခတ် စိုက်ကြည့်ရင်း... စိတ်လှုပ်ရှားမှုတွေက ထိန်းမရ ။ ချစ်ရသူရဲ့ သွင်ပြင်တွေဟာ ပြောင်းလဲနေမလား။
မပြောင်းလဲပါ။ အနည်းငယ် အသားတွေညိုသွားသည်မှ အပ ဆပ်ရဲ့ပုံစံဟာ အရင်အတိုင်း ။ ဆံပင်ဝဲဝဲ ဆံစတွေဟာ နဖူးပေါ်ကျနေဆဲ... မျက်လုံးဝိုင်းဝိုင်းတွေဟာ အရင်လို ရွှန်းလဲ့နေဆဲ.... ပြီးတော့ အရင်လိုပဲ ဆပ် ကိုတွေ့လိုက်တိုင်း ရင်ခုန်သံတွေမြန်နေဆဲ။
" ဆပ်... "
" လာလေ.. အထဲဝင် "
တံခါးပိတ်ပြီး အထဲရောက်သည်နှင့်တပြိုင်နက်... ခပ်လှမ်းလှမ်း က ဆပ်ရဲ့ကျောပြင်ကို အနောက်ကနေ သိုင်းဖက်လိုက်သည်။
YOU ARE READING
ပန်းဘွဲ့အလင်္ကါ (Completed )
Historical Fictionအလင်္ကါမောင်...ဆိုတဲ့ ကောင်က ရာသီအလိုက် ပန်းဘွဲ့တွေ သီကျူးနေတဲ့ ကောင် ... နွေရာသီမှာ တွဲခဲ့တဲ့ ကောင်မလေးတွေ နာမည်က. ကံ့ကော်ဦး.. ပိတောက်ဝါ ငုဝါ..... မိုးရာသီမှာ တွဲခဲ့တဲ့ ကောင်မလေးတွေ နာမည်က. စံပယ်ဖြူ.. ဇွန်လေးငုံ ဟော.. ဆောင်းရာသီမှာ တွဲခဲ့ဖူးတဲ့ သ...