21🌼U&Z

808 69 5
                                    

သပ်ရပ်စွာမီးပူတိုက်ထားသော ဂျူတီကုတ်အဖြူကို အနက်ရောင် ကျောပိုးအိတ်ထဲထည့်လိုက်သည်။ ကိုယ်တစ်ဝက်ပေါ်နေသော မှန်ရှေ့ရပ်ကာ  ဆံပင်ကို အနည်းငယ်ပုံစံသွင်းသည်။ ကျောင်းဝတ်စုံ အင်္ကျီ အဖြူကိုတစ်ချက် ဆွဲဆန့်ပြီးနောက်  စတိုင်ပန်ဘောင်းဘီအနက်အပေါ်ဝယ် ခါးပတ်ထပ်ပတ်လိုက်သည်။ လက်ပတ်နာရီကို ဝတ်ရင်း ​လှေကားပေါ်က ဆင်းလာချိန်  မီးဖိုချောင်ဘက်မှ အသံတွေကြောင့် မျက်လုံးပြူးသွားမိသည်။

" နောက်ရက်မှ အန်တီ ခါကြက်ဥ ဖျော်ရည် လုပ်ပေးဦးမယ်   အင်းပေါ့ ဆေးကျောင်းသားဆိုတော့လည်း  စာတွေများတော့ မျက်လုံးထိပြီပေါ့  "

" သား အားတဲ့အချိန် လာခဲ့မယ်နော်  အန်တီ  "

" လာခဲ့ လာခဲ့  ... ဟိုကလေး ခုထိ ဆင်းမလာသေးဘူးပဲ     "

" သား သွားခေါ်လိုက်ရမလား   "

" ငါ လာပြီ... မင်းက ဘယ်လိုလုပ် ဒီဘက်ရောက်နေတာလဲ   "

မေမေ့နားကပ်ကာ မျက်နှာ ချိုသွေးနေသော အလင်္ကါ မောင့်ကို  မျက်လုံးပြူးပြရင်း မေးလိုက်သည်။ ပေါ့ပေါ့ပါးပါး free style ဝတ်ထားသည့် အလင်္ကါမောင့်ကို ကြည့်ပြီး တစ်ခုတွေးလိုက်မိသည်။ သူတို့ကျောင်းတွေမှာ uniform ဝတ်စရာမလို ဂျူတီကုတ်တစ်ထည် ထပ်ဝတ်ရင် ပြီးပြီ။ သူ့မှာတော့ ရှူးဖိနပ် အနက်လည်း စီးရပြန်ဦးမည်။

" ငါ့ဆိုင်ကယ် ပျက်နေလို့  မင်းနဲ့လိုက်မလို့ လာတာ   "

" ငါက ward ဆင်းနေရတာ    "

" သိတယ်လေ ကလေးဆေးရုံမှာမလား  ငါ့ကျောင်းနဲ့ ပိုတောင်နီးနေတာကို   "

" ကဲ နောက်ကျတော့မယ်.. သွားကြတော့   "

မေမေက သတိပေးတော့မှ  အသာငြိမ်ကာ  အပြင်ဘက်ကိုထွက်လာလိုက်သည်။ ခြံရှေ့ ထုတ်ထားပြီဖြစ်သော ဆိုင်ကယ် နားရောက်တော့  အလင်္ကါမောင်က မျက်စိရှေ့ လက်ဖြန့်လာသည်။

" ဘာလဲ  "

"သော့   "

အနောက်ကနေ ထိုင်လိုက်တော့  လည်ပြန်ကြည့်လာပြန်သည်။

" ဘာလဲ မောင်းတော့လေ  "

"ခါးကိုဖက်ထား   "

" ရူးနေလား ဟေ့ကောင် ငါတို့အိမ်ရှေ့မှာနော် "

ပန်းဘွဲ့အလင်္ကါ (Completed  )Tahanan ng mga kuwento. Tumuklas ngayon