ဆွဲဆွဲငင်ငင် ထွက်ပေါ်လာသော ဥသြသံနှင့်အတူ... ဆရာဝန် သူနာပြု ဆရာ အင်ဂျင်နီယာ ကျောင်းသား စသည့် သပိတ်ပေါင်းစုံက လူတွေအကုန်လုံး ဦးညွတ်ကာ အလေးပြုလိုက်ကြသည်။ မနေ့ကပင် ကျဆုံးသွားခဲ့သော စိန်ပန်းမှ သူရဲကောင်းတွေအား ရည်မှန်းရင်း အလေးပြုကြချိန် ဥသြသံကြားမှ ထွက်ပေါ်လာသော ရှိုက်သံတစ်ချို့... ။
လက်ထဲမှာ ဆုပ်ကိုင်ထားသော သပြေပန်းတို့ကို အားထည့်ကာ ခပ်တင်းတင်းဆုပ်ကိုင်ရင်း... မခံမရပ်နိုင်သော စိတ်တို့ကြောင့် အံကိုပါ ကြိတ်မိလိုက်သည်။ အာဏာကိုတွန်းလှန်ဖို့ အသက်ကိုပါ ပေးခဲ့ကြရပြီ။ တော်လှန်ရေးမိန့်ခွန်းခြွေကြသူတွေရဲ့ အသံဟာ ဝမ်းနည်းစိတ်ကို ထိန်းထားရခြင်းကြောင့် တုန်ရီနေကြခဲ့သည်။
နားထဲမှာ စွဲထင်သွားခဲ့သည်က ဆရာတေဇာဆန်း ရွတ်ပြခဲ့သော ဆရာမင်းသုဝဏ်၏ "သပြေညို " ကဗျာ ။
သပြေညို
သူ့ခေါင်းမှာတဲ့ သပြေညို
ငါ့ခေါင်းမှာတဲ့ သပြေညို။တို့ပြေမှာ တို့မေ ကမ်းပါတဲ့
သပြေညို ရွှေဘိုပန်းဟာက
လန်းလျက်ပါကို။ဘာမလျှော့လေနဲ့
လာတော့မကွဲ့ ရွှေဗဟိုရ်
လေချိုကအသွေး။လင်းကြက်အဆော်
ကွင်းထက်မှာ တူပျော်ပျော်နဲ့
စည်တော်ကို ရည်မျှော်မှန်းကာပ
ရောင်နီမှာ အောင်စည်ရွမ်းရအောင်
သပြေညို ရွှေဘိုပန်းရယ်နဲ့
လှမ်းကြစို့လေး။ ။မင်းသုဝဏ်
အားနှင့်မာန်နှင့် ရွတ်ဆိုရင်း လက်ထဲက သပြေခက်ကိုလည်း လက်သီးလက်မောင်းတန်းကာ ဆုပ်ကိုင်ထားသည့် ဒေါက်တာ... ။ နောက်ထပ် ကဗျာတစ်ပုဒ်စီ ရွတ်ပြလာသည့် ပညာရေးဘက်က ဆရာမ နှင့် ကဗျာဆရာ တစ်ယောက် ။ အားလုံးဟာ သပြေညိုနှင့်အတူ အောင်ပွဲကို စောင့်မျှော်နေခဲ့ကြသည်။
ထပ်ပြီး မျှော်လင့်ခဲ့တာက ပြည်သူတွေရဲ့ဆန္ဒကို လိုက်လျောကြလိမ့်မယ်ဆိုပြီးတော့ပေါ့။ တကယ်တော့ အာဏာရှင်ဆိုတာ အာဏာကလွဲရင် ဘာကိုမှ ထည့်မတွက်ဘူးဆိုတာ မသိခဲ့ကြ။ လူမဆန်စွာ ရက်ရက်စက်စက် နှိမ်နင်းမှုတွေနဲ့ လက်နက်မဲ့ ပြည်သူတွေကို သတ်ဖြတ်လာခဲ့သည်။
ESTÁS LEYENDO
ပန်းဘွဲ့အလင်္ကါ (Completed )
Ficción históricaအလင်္ကါမောင်...ဆိုတဲ့ ကောင်က ရာသီအလိုက် ပန်းဘွဲ့တွေ သီကျူးနေတဲ့ ကောင် ... နွေရာသီမှာ တွဲခဲ့တဲ့ ကောင်မလေးတွေ နာမည်က. ကံ့ကော်ဦး.. ပိတောက်ဝါ ငုဝါ..... မိုးရာသီမှာ တွဲခဲ့တဲ့ ကောင်မလေးတွေ နာမည်က. စံပယ်ဖြူ.. ဇွန်လေးငုံ ဟော.. ဆောင်းရာသီမှာ တွဲခဲ့ဖူးတဲ့ သ...