41 🌼U&Z

562 43 5
                                    

မြို့ပြရဲ့အလင်းရောင်တွေမရှိသော အရပ်ဖြစ်၍လားမသိ ... လရောင်သဲ့သဲ့က လှပစွာဖြာကျနေသည်ကို တွေ့မြင်နေရသည်။ လမင်းရဲ့နံဘေးဝယ်  ခစားလျက်ရှိသော ကြယ်စင်တွေကလည်း  ပိုလို့လင်းလက်နေသယောင် ။ စခန်းနှင့်ခပ်လှမ်းလှမ်းရှိ ကုန်းမြင့်လေးတစ်ခုပေါ်မှာ တစ်ယောက်တည်း ထိုင်ရင်း  အေးချမ်းတဲ့ လရောင်အငွေ့အသက်ကို ခံစားနေမိစဥ်   သင်းပျံ့ပျံ့ ပန်းရနံ့တစ်ခုကြောင့်  ဘေးဘီဝဲယာကို ခေါင်းလည်ကာ လိုက်ကြည့်မိတော့  ဧကရာဇ်ပန်းတွေ  လက်ခုပ်ထဲမှာ ထည့်ရင်း အနောက်မှာ ရပ်နေသော အလင်္ကါ...  ။

" မီးပုံနားမနေဘဲ  ဘာလို့ ဒီကုန်းပေါ် လာထိုင်နေရတာလဲ ဆပ်   အအေးမိဦးမယ်   "

" မီးပုံနား နေတာကြာတော့လဲ ကျောပူလာလို့  ခဏ အအေးလာခံတာ    "

မြက်ခင်းစစပေါ် ထိုင်ချလာရင်း  လက်ထဲကပန်းတွေကိုတော့  သူ့ဆီကမ်းပေးလာသည်။ ဖွေးဖွေးနုနု ဧကရာဇ်ပန်းများ.... ရနံ့သင်းသင်းက အနီးတဝိုက် ဝေ့ဝဲနေသည်။

" ဒီဘက်မှာလည်း  ဧကရာဇ်ပန်းရှိတယ်လား....    "

" စခန်းအနောက်ဘက်နားမှာ ရှိနေတယ်  အပွင့်တွေပွင့်လာမှ သတိထားမိတာ  "

သူ့လက်ထဲက ဧကရာဇ်ပန်းတစ်ပွင့် ကို ပြန်ယူကာ နမ်းရှိုက်ပြီးနောက်  နားရွက် ကြားထဲ ပန်ပေးလာသည့် အလင်္ကါ...

" ဘာလို့ ပန်းလာပန်ပေးနေတာလဲ   "

" ကိုယ့်ဘဝရဲ့ အရှင်သခင်   ဧကရာဇ်လေးမို့ ပန်းပေးတာလေ  

ငါ အမြဲတမ်း မင်းကို ပန်းတွေပေးခဲ့တယ်နော်  ဆပ်....    "

" ထူးထူးဆန်းဆန်း  ဘာတွေလာပြောနေတာလဲ အလင်္ကါ   "

"  မနက်ကျရင် ရှေ့တန်းလိုက်ရမယ်လေ...  ကံတရားကိုလည်း မြင်နိုင်တာမှ မဟုတ်တာ အဲ့လိုစဥ်းစားမိပြီး    ရင်ထဲရှိတဲ့စကားတွေကို  သိမ်းမထားဘဲ ပြောပြချင်လာရော...  "

" ဘာတွေပြောမလို့လဲ   "

"  ပန်းပေးတယ်ဆိုတာက အရှုံးပေးတယ် ဆိုတဲ့ အဓိပ္ပါယ်ပဲ    မင်းကို ငါက အမြဲအရှုံးပေးနေခဲ့ပြီးသား  ဆပ် မင်းဘက်က အော်လွှတ်လွှတ်  ဂရုမစိုက်ဘဲနေနေ   ငါက အမြဲပန်းပေးပြီး အနားကို လာနေခဲ့တယ်လေ... နောက်ကျတော့  ငါ့နှလုံးသားကပါ အရှုံးပေးလိုက်ရပြန်ရော 

ပန်းဘွဲ့အလင်္ကါ (Completed  )Where stories live. Discover now