6🌼U&Z

1.2K 109 8
                                    

Uni

အစိမ်းနုရောင် အဆောက်အဦးတွေနှင့် တက္ကသိုလ် ဟူသော နေရာကို စိတ်ပျက်စွာ.. လှည့်ပတ်ကြည့်မိသည်။ စိတ်ကူးထဲတွင် မှန်းဆထားသော တက္ကသိုလ်ပုံရိပ်နှင့်လားလားမျှမတူ။

အဓိပတိလမ်းတွေ ကံ့ကော်လမ်းတွေ  လမ်းနာမည် သီးသန့် ခေါ်ဆိုနေရန်ပင်မလို.။  တစ်ပြ လောက်သာ ကျယ်ဝန်းသည့် တက္ကသိုလ် ကို ကြည့်ရင်း အလိုမကျမှုတို့က တရိပ်ရိပ် ထွက်ပေါ်လာသည်။

အိမ်က မိဘတွေရဲ့  စကားကတော့

" ဟိုဘက်အိမ်က အလင်္ကါမောင်လေးက.. ဆရာဝန်ဖြစ်မှာလေ ဒီတော့   သားကသာ သူနာပြု ဆိုရင် အမေတို့တွေအတွက် အဆင်ပြေတာပေါ့  မိဘတွေကလည်း အသက်ကြီးပြီလေ  အနားမှာ ဆရာဝန်လည်းရှိ သူနာပြုလည်း ရှိ ဆို ပိုမကောင်းဘူးလား...    " .တဲ့လေ...။

သားသမီးရဲ့ ဝါသနာ ရည်မှန်းချက်တွေကမြောင်းထဲလွှင့်ပစ်လိုက်ရပြီပေါ့..။ ငြင်းဆန်နေပြန်ရင်လည်း မိဘစကားနားမထောင်သော သားမိုက် ဖြစ်ရပြန်ဦးမည်။

" ဆပ်.. မင်း ကျောင်းကို ရောက်ပြီ ဆိုတော့... ငါ သွားတော့မယ်   " 

ဆိုင်ကယ် တစ်စီး စီနှင့် အိမ်က အတူတူ ထွက်လာသော အလင်္ကါမောင်ကို ခေါင်းတစ်ချက်သာ ငြိမ့်ပြ ပြီး ကျောင်းဝန်းထဲကို ဝင်ခဲ့သည်။

အတန်းတစ်ချို့ကို စိတ်မပါလက်မပါ တက်ရောက်ခဲ့ပြီး အနားပေးချိန်တွေမှာတော့.. စာကြည့်တိုက်မှာပဲ အချိန်ယူလိုက်တော့သည်။
ယူနီဖောင်း အဖြူနဲ့အနက် ပြီးတော့ အနက်ရောင် ရှူးဖိနပ် တွေနဲ့  ရာသီဥတု ပူပူလောင်လောင်မှာ အနေရမသက်သာ။  စာကြည့်တိုက်မှာ လေအေးပေးစက် ရှိ၍သာတော်တော့သည်။

ညနေခင်း.. အတန်းဆင်းတော့  ဖုန်းဆက်လာသည့် အလင်္ကါမောင်

" ဆပ်.. ငါ့ကို စောင့်နေနော် ခဏနေရင် ကျောင်းရှေ့ရောက်မယ် "

" အင်း.. အင်း "

ကျောင်းရှေ့ မှတ်တိုင်က ခုံတန်းမှာ ထိုင်ရင်း.. ဆိုင်ကယ်ကို လမ်းဘေးရပ်ကာ ဆေးကျောင်းသား ငရှုပ်ကောင်ကို စောင့်နေလိုက်သည်။  ​ရှေ့တည့်တည့် ၆၂ လမ်းမ ထက်တွင်... ကားတွေ ဆိုင်ကယ်တွေ.. ပြွတ်သိပ်ကာ..  ဖြတ်သန်းသွားလာနေကြသည်။ ရုံးဆင်းချိန် ကြောင့်လည်း ဖြစ်ကောင်း ဖြစ်နိုင်သည်။

ပန်းဘွဲ့အလင်္ကါ (Completed  )Where stories live. Discover now