ရေပြာစိမ်းစိမ်း တောင်တန်းစိမ်းစိမ်းတွေကြားက စက်သံဆူဆူညံညံနှင့် မော်တော်ပေါ်တွင် ရှိနေလေသော သူတို့နှစ်ယောက်... ။ မော်တော် ဦးပိုင်းမှာထိုင်ရင်း... လွင့်စင်ဖြာ လာသော ရေစက်တွေကို မထိတထိ လှမ်းကိုင်နေသော လက်ဖြူဖြူကြောင့် အနောက်ကနေ သတိပေးလိုက်မိသည်။
" ဆပ်... ရေတွေမဆော့နဲ့လေ "
" ရေတွေက အေးစိမ့်နေတာပဲ ထိကြည့် "
သူကိုယ်တိုင် ရေထဲကို လက်ချရန်ဟန်ပြင်ချိန်မှာတော့ အနောက်ကို လှည့်ကာ အသည်းအသန်တားလာပြန်သည်။
" မကိုင်နဲ့ မကိုင်နဲ့တော့ .. အဲ့လို စောင်းမနေနဲ့ တည့်တည့်ထိုင် အလင်္ကါ "
" ဘာဖြစ်လို့လဲ... မင်းပဲ ထိကြည့်ဆို "
ရေတွေဆော့ကစားရင်း ပြုံးရွှင်နေခဲ့သော မျက်နှာက... ညှိုးငယ်ကာ ငြိမ်ငြိမ်လေးထိုင်ပြီး တောင်တန်းတွေကိုသာ ငေးကြည့်နေခဲ့သည်။ တောင်တန်းများကြားမှ ဖြတ်ကျော်လာခဲ့ပြီးနောက် လှေဆိပ်တွင် ကမ်းကပ်ကာ တောင်ခြေသို့ ရောက်ရှိလာသည်။ တောင်ပေါ်တက်သည့်ကားဖြင့် မူးစေးခို ခေါ် ကျိုက်ထီးရိုးလေး ရင်ပြင် ရောက်လာသည်အထိ ဆပ် ရဲ့မျက်နှာက မရွှင်လန်း ။ အနီးရှိ စကားပင်ပျိုအောက် ဆွဲခေါ်ကာ အသေချာ မေးမြန်းရတော့သည်။
" ဆပ် နေမကောင်းလို့လား တစ်ခုခု အဆင်မပြေဘူးလား "
" အပြန်ကျရင် လှေနဲ့မပြန်လို့ရမလား "
" မပြန်လို့မရဘူးမလား ဆပ်ရဲ့ တစ်ခြားလမ်းက ဘယ်လိုပြန်မလဲ "
" အစကတော့ ဘာမှမဖြစ်ပေမယ့် မင်း ရေတွေကို ထိဖို့ လှမ်းလိုက်တဲ့အချိန်.... ငါ ငါ... ကြောက်လာပြန်တယ် "
" ဘာကိုလဲ ဘာကိုကြောက်တာလဲ ကိုယ့်ကိုပြော "
" ငါ.. အရင်ကလို အရင်ကခံစားခဲ့ရသလို ခံစားချက်မျိုး ရလာတယ်... မင်း ရေတွေထဲမှာ နစ်မြုပ်သွားတာကို စောင့်ကြည့်နေခဲ့ရတဲ့ ခံစားချက် "
" ဆပ် ရာ... "
ဘုရားရင်ပြင်တော်ပေါ် ရောက်ရှိနေပြီဖြစ်သဖြင့် တစ်ခါတည်း ရင်ခွင်ထဲထည့်လိုက်ချင်သည့်စိတ်တို့ကို ထိန်းချုပ်ကာ လက်ကိုသာ အသာဆုပ်ကိုင်လိုက်မိသည်။
VOCÊ ESTÁ LENDO
ပန်းဘွဲ့အလင်္ကါ (Completed )
Ficção Históricaအလင်္ကါမောင်...ဆိုတဲ့ ကောင်က ရာသီအလိုက် ပန်းဘွဲ့တွေ သီကျူးနေတဲ့ ကောင် ... နွေရာသီမှာ တွဲခဲ့တဲ့ ကောင်မလေးတွေ နာမည်က. ကံ့ကော်ဦး.. ပိတောက်ဝါ ငုဝါ..... မိုးရာသီမှာ တွဲခဲ့တဲ့ ကောင်မလေးတွေ နာမည်က. စံပယ်ဖြူ.. ဇွန်လေးငုံ ဟော.. ဆောင်းရာသီမှာ တွဲခဲ့ဖူးတဲ့ သ...