အခန်းထဲရှိ နံရံပေါ်မှ နာရီလက်တံတို့ကို ကြည့်ရင်း လူက ဂနာမငြိမ်။ မနက်ပိုင်းအတန်းချိန်ကိုမြန်မြန်ပင် ပြီးဆုံးစေချင်နေခဲ့သည်။ ဆရာကလည်း ယနေ့မှပင် အချိန်ဆွဲကာ သင်နေသည်ဟုပင် ခံစားမိလာပြန်သည်။ Roll callခေါ်ပြီး ဆရာ အခန်းထဲက ထွက်သည်နှင့် ကျောပိုးအိတ်ကို ဆွဲယူကာ အမြန်ပြေးထွက်ခဲ့တော့သည်။ ဆိုင်ကယ်ကို မြန်မြန်မောင်းရင်း လက်က နာရီကို ကြည့်မိသည်မှာ ခဏခဏ ။ အချိန်မှီလောက်ပါရဲ့ ။
မန္တလေးတက္ကသိုလ်ဝင်းထဲရောက်တော့ အရှိန်လျှော့ကာ မောင်းရင်း ဆိုင်ကယ်ရပ်နားရမည့်နေရာကိုရှာလိုက်သည်။ ပြီးတော့ ပြိုင်ပွဲကျင်းပနေဆဲဖြစ်သည့် ခန်းမဆီကို ခပ်သွက်သွက်လျှောက်ကာ အနောက်ဘက် ဝင်ပေါက်မှ ဝင်ကာ ကြည့်မိတော့ ဆပ်ကို တစ်ခါတည်း လှမ်းတွေ့လိုက်ရသည်။
ခုံပေါ်မှာ တစ်ယောက်တည်းထိုင်နေကာ လက်နှစ်ဖက်က အချင်းချင်းယှက်သွယ်ထားသည်။ ရှေ့တည့်တည့်ရှိ စင်ပေါ်မှ အလှည့်ကျယှဥ်ပြိုင်နေသူကို မျက်တောင်မခတ်တမ်း ငေးကြည့်နေသည်။ ဘေးနားတွင် ဝင်ထိုင်ရင်း လေသံတိုးတိုးနဲ့ ခေါ်လိုက်တော့ လှည့်ကြည့်လာသည်။
" ဆပ် "
" ရောက်လာပြီလား ငါက မင်း မလာတော့ဘူး ထင်နေတာ "
" အတန်းဆင်းတာ နောက်ကျနေလို့ပါ မင်းအလှည့်ကရော "
" နောက်တစ်ယောက်ပြီးရင် "
တင်းတင်းကြပ်ကြပ် ယှက်နွယ်ထားသည့် ဆပ်ရဲ့လက်တွေကို အုပ်ကိုင်မိတော့ အေးစက်လွန်းသည့် အထိတွေ့ကို ခံစားလိုက်ရသည်။ လက်နှစ်ဖက်ကို ဆွဲယူကာ သူ့လက်ဖဝါးတွေဖြင့် အစားထိုး ယှက်နွယ်လိုက်ရင်း
" လက်တွေ အေးစက်နေတာပဲ ဆပ်ရာ အရမ်း anxiety ( စိတ်လှုပ်ရှားခြင်း) တက်နေတာလား "
" အင်း ငါ ငါ ကြောက်နေတာ "
" မင်း လုပ်နိုင်သလောက်ပဲ လုပ်ခဲ့ပါလို့ ပြောထားတယ်လေ စိတ်ကိုလျှော့ထား အဆင်ပြေသွားမှာ "
အလှည့်ကျနာမည်ခေါ်လိုက်တော့ စင်ရှိရာဘက်ထွက်သွားသည့် ကျောပြင်ငယ်ကို ကြည့်ရင်း ရင်တမမ ။ ဆပ် ကိုသာ နှစ်သိမ့်ပေးနေခဲ့ပေမယ့် သူကိုယ်တိုင်ကလည်း စိတ်လှုပ်ရှားနေခဲ့သည်။ ဆပ် က သည်လို ပွဲတွေ စင်မြင့်တွေနဲ့ တစ်ခါမှ မထိတွေ့ခဲ့ဖူးဘူး။
BINABASA MO ANG
ပန်းဘွဲ့အလင်္ကါ (Completed )
Historical Fictionအလင်္ကါမောင်...ဆိုတဲ့ ကောင်က ရာသီအလိုက် ပန်းဘွဲ့တွေ သီကျူးနေတဲ့ ကောင် ... နွေရာသီမှာ တွဲခဲ့တဲ့ ကောင်မလေးတွေ နာမည်က. ကံ့ကော်ဦး.. ပိတောက်ဝါ ငုဝါ..... မိုးရာသီမှာ တွဲခဲ့တဲ့ ကောင်မလေးတွေ နာမည်က. စံပယ်ဖြူ.. ဇွန်လေးငုံ ဟော.. ဆောင်းရာသီမှာ တွဲခဲ့ဖူးတဲ့ သ...