တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာ.. ဖြည့်ရသည့်အချိန်.. အခြားသူများ လျှောက်လွှာတင်နေကြသော်လည်း... စာရွက်အစွန်းလေးတောင် မမြင်ရသေးသည့်အတွက်... စိတ်ပူလာမိသည်။
" မေမေ...စာတိုက်က.. form ပို့မလာဘူးလား ဟင် "
မီးဖိုချောင်ထဲမှာ..ဟင်းသီးဟင်းရွက်တွေ ရေဆေးနေသော.. မေမေ့အား မေးလိုက်သည်။
" ဝင်ခွင့် form လားသား... သြော်.. အဲ့တာ စာတိုက်ကို ပို့လိုက်ပြီလေ "
ဘယ်တက္ကသိုလ် ဘယ်ကျောင်းကို ဖြည့်ရမလဲ.. ဆိုပြီး စိတ်လှုပ်ရှားနေခဲ့မှုတွေ.. အမှတ်နဲ့ ကိုက်ညီလောက်မယ့် ဘာသာရပ်တွေကို သိတ်ဝင်တစား ရှာကြည့်ခဲ့ရတာတွေ... ပြီးတော့.. သူ့ရဲ့ဝါသနာ
ဒါတွေက ... မြောင်းထဲလွှင့်ပစ်လိုက်ရပြီပဲ။" သား.. ဘယ်တက္ကသိုလ် ကို သွားချင်လဲ..တစ်ခွန်းတောင် မမေးဘဲ.. မေေမတို့ဘာသာ... လုပ်ချင်ရာ လုပ်လိုက်တယ်ပေါ့ ". .
မေမေ့လက်တွေက တုံ့ဆိုင်းသွားကာ...အကြည့်စူးစူးတို့က သူ့ထံကျရောက်လာသည်။
" ဆပ်သွားဖူး... မင်း ဘာစကားပြောလိုက်တာလဲ.. .. ငါတို့က.. မင်းကောင်းဖို့အတွက် တွေးပြီး လုပ်လိုက်တာပဲ... အခု မင်းက.. "
" သားအတွက်တွေးပေးတာ.. သိပါတယ်. ဒါပေမယ့်.. မေမေတို့ ပဲ တစ်ဖက်သတ် ဆုံးဖြတ်ပြီး လုပ်လိုက်လို့ မရဘူးလေ ဗျာ "
"မိဘက ကောင်းစေချင်လို့ စေတနာနဲ့ လုပ်ပေးတာ... နင်..နားလည်ထား "
အိမ်ရှေ့တံခါးကို.. ဝုန်းက ဆွဲဖွင့်ကာ.. ပြန်ပိတ်တော့လည်း.. အသံကျယ်အောင်ပိတ်ကာ.. အပြင်ထွက်လာတော့... အိမ်ထဲမှ မေမေ့အော်သံ တစ်ချို့ကြားလိုက်ရသည်။ လျစ်လျူရှုလိုက်ရင်း... ရပ်ကွက်ထိပ်က ပန်းခြံဆီသွားကာ... ဒန်း တစ်ခုပေါ် ထိုင်နေလိုက်သည်။
ယခုအချိန်. ခံစားချက်ကို ဘယ်လိုသတ်မှတ်ရမလဲပင်.. မသိတော့။ စိတ်တိုနေသလား. ဒေါသ ထွက်ခြင်းလား...ဝမ်းနည်းနေတာလား... ။ ကောင်းစေချင်သော စေတနာ အမည်တပ်ပြီး.. သားသမီးဘက်ကို ရော ထည့်မတွက်ကြတော့ဘူးလား။ လူရာမသွင်းတာလား။
YOU ARE READING
ပန်းဘွဲ့အလင်္ကါ (Completed )
Historical Fictionအလင်္ကါမောင်...ဆိုတဲ့ ကောင်က ရာသီအလိုက် ပန်းဘွဲ့တွေ သီကျူးနေတဲ့ ကောင် ... နွေရာသီမှာ တွဲခဲ့တဲ့ ကောင်မလေးတွေ နာမည်က. ကံ့ကော်ဦး.. ပိတောက်ဝါ ငုဝါ..... မိုးရာသီမှာ တွဲခဲ့တဲ့ ကောင်မလေးတွေ နာမည်က. စံပယ်ဖြူ.. ဇွန်လေးငုံ ဟော.. ဆောင်းရာသီမှာ တွဲခဲ့ဖူးတဲ့ သ...