20 U🌼&Z

823 76 6
                                    

ဆောင်းအကုန် နွေအကူးပေမို့ ခြံဝန်းထဲရှိ သစ်ရွက်တွေ ဝါညစ်ညစ်အရောင်ပြောင်းကာ အချို့ဆိုလျှင် မြေပြင်မှာ ကြွေကျစပြုလာလေပြီ။ မြောက်လေနှင့်အတူ တဖြုတ်ဖြုတ် ကြွေတတ်သော ဧကရာဇ်ပန်းတို့လည်း ရာသီကုန်ပြီမို့ ပွင့်ဖူးခြင်းမရှိကြတော့။ နွေလေရူးတို့ ဝေ့ဝဲတိုက်ခတ်စပြုချိန် အရိပ်ရနေဆဲ ဧကရာဇ် ပင်အောက် ထိုင်ကာ လက်သူကြွယ်မှ လက်စွပ်လေးကို ကြည့်နေမိသည်။

မူးမူးရူးရူးနဲ့ လက်စွပ်ကို ပေးသွားခဲ့ပြီးမှ နောက်ရက်ကစလို့ အရိပ်တောင် မမြင်ရတော့သော အလင်္ကါမောင် ။ မှတ်မိနေပါလား ဆိုပြီး တွေးကာ ပျော်နေခဲ့သော ခံစားချက်တို့ က ပေါ်မလာသော လူတစ်ယောက်နှင့်အတူ ပျောက်ကွယ်သွားရပြန်သည်။

မင်းအတွေးတွေကို ငါ နားမလည်နိုင်တော့ဘူး အလင်္ကါမောင်ရေ.....

ခြံစည်းရိုးကြားကနေ လှမ်းမြင်နေရသော ကောင်လေး ။ ဧကရာဇ်ပင်အောက် ထိုင်ကာ ဆွေးနေပြန်ပြီထင်သည်။ တစ်ဖက်ခြံမှ လှမ်းကြည့်နေသော သူ့ကို သတိမထားမိချေ။ လေပွေတိုက်ခတ်လိုက်တိုင်း နဖူးထက် ခပ်ဝဲဝဲကျနေသော ဆံစတိုတိုလေးတွေက အထက်ကို လန်တက်သွားကာ မျက်ဝန်းအစုံကလည်း ​မှေးစင်းသွားပြန်သည်။ ရှပ်အင်္ကျီဖြူလွလွက ဖွေးဥသောအသားရည်နဲ့ လိုက်ဖက်ကာ ဖြူဖြူလုံးလုံး ဝါဂွမ်းစနှယ် ။

ငယ်ငယ်ကတည်းက သပ်သပ်ရပ်ရပ်နေတတ်သော ဆပ်ဟာ အမြဲလိုလို ဖြူစင်ရှင်းသန့်နေသည်ပင်။ စာဖတ်လျှင်ဖတ် မဖတ်လျှင် ကဗျာတွေ အကြောင်းတွေးကာ ငြိမ်ငြိမ်လေးထိုင်နေတတ်သည်က အကျင့်တစ်ခု။ တက္ကသိုလ်ရောက်မှသာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။ ကျောင်းတွင်းလှုပ်ရှားမှု တစ်ချို့မှာလည်း ပါဝင်တတ်လာသည်။

ဘောလုံးပြိုင်ပွဲအပြီး ညနေက အဖြစ်ပျက်ကို မှတ်မိနေခဲ့ပေမယ့် သူ ဆပ်ကို မတွေ့အောင်ရှောင်ဖယ်နေခဲ့မိသည်။ ဆပ် က လက်ခံနိုင်ပါ့မလား ။ သူ့ကိုဆိုလျှင် အမြဲ နှင်ထုတ်တတ်သော ဆပ် ၊ အနားအကပ်မခံသော ဆပ်။ ပေကပ်ပြီး နေနိုင်ခဲ့ပေမယ့် သူ့နှလုံးသားကိုပါ ငြင်းဆန်ကာ တွန်းထုတ်လျှင်တော့ မခံစားနိုင်။ အတွေ့အကြုံမရှိတဲ့သူမဟုတ်ပေမယ့် ဆပ် က အရင်ကတွဲခဲ့ဖူးတဲ့ ကောင်မလေးတွေနဲ့ မတူ ။ ဆပ် ကိုတော့ အပိုင်လိုချင်သည်။ အငြင်းခံရခြင်းတွေ တွဲပြီးပြတ်တာတွေ မဖြစ်လို ။

ပန်းဘွဲ့အလင်္ကါ (Completed  )Tempat cerita menjadi hidup. Temukan sekarang