နှုတ်ခမ်းထက် စွဲကျန်ရစ်ခဲ့တဲ့ အငွေ့အသက်တွေကို ထာဝရ သိမ်းဆည်းထားလို့များ ရနိုင်မလား....။ မြတ်နိုးစွာ နမ်းရှိုက်ဖူးသူကတော့ အဝေးတစ်နေရာကို ရောက်နေခဲ့လေပြီ။ နောက်ဆုံးအကြိမ် နှုတ်ဆက် လက်ဆောင် အကြင်နာတွေက ချိုမြိန်ခဲ့သလို ရင်နင့်အောင်လည်း လွမ်းစေခဲ့သည်။ ဆပ်သွားဖူးပန်းရနံ့လို မွှေးအီမနေပေမယ့် ဆပ်ရဲ့အထိအတွေ့က ပန်းရနံ့ထက်နူးညံ့နေခဲ့သည်။ အချိန်တိုင်း ထွေးပွေ့ထားချင်ပေမယ့် အခုတော့ မျက်နှာတော်တောင် မော်ဖူးခွင့်မရ အရိပ်လေးတောင် မမြင်ရနိုင်သော အခြေနေ။
နယ်စိမ်းပယ်စိမ်းမှာ အဆင်ပြေရဲ့လား ဆပ်ရယ်...
ဆပ် တို့တာဝန်ကျပြီး မကြာခင်မှာပဲ ကိုဗစ်ကပ်ရောဂါက ရောက်ရှိလာတော့ သူ့မှာ ပိုပြီး ရင်ပူရသည်။ အဆက်အသွယ်ကမရ... ။ ဘယ်လိုမှ မနေနိုင်တော့သည့် အခိုက်မှာတော့ တစ်ဖက်က ဆပ်တို့အိမ်ဆီသွားကာ သတင်းမေးရတော့သည်။ ဆပ်ရဲ့ဖေဖေမရှိသည့် အချိန်ပေါ့ ။ အန်တီကတော့ အရင်လို မနွေးထွေးတော့သည်တိုင် ဧည့်ဝတ်ကတော့ မပျက် ။
" သားက အဆင်ပြေပါတယ်တဲ့ အလင်္ကါ.. ရောဂါတွေအတွက်လည်း စိတ်မပူဖို့တော့ ပြောတာပဲ ကွယ်... အဝေးမှာဆိုတော့ စိုးရိမ်ရတာပေါ့ "
မချိပြုံးလေးနဲ့ ခပ်ယဲ့ယဲ့ ဆိုသည်။အပြေးသွားတွေ့လိုက်ချင်ပေမယ့် လမ်းတွေပိတ်ကာ lockdown ချထားပြန်သည်။ ကျောင်းလည်းမတက်ရ အပြင်လည်းမထွက်ရ. အခန်းထဲမှာနေရင်း လွမ်းရုံသာ တတ်နိုင်တော့သည်။ တစ်လနီးပါး အချိန်ကြာလေမှ စာတိုက်ကနေ စာတစ်စောင်ရောက်လာခဲ့သည်။ အခြေနေတွေအရ စာတိုက်တစ်ခုသာ အသုံးပြုလို့ရတော့သည်မဟုတ်လား ။ ပို့လိုက်သည့် လိပ်စာ ကို မြင်တော့ စိုးရိမ်စိတ်တွေနှင့်သာ ပြည့်နှက်နေခဲ့သော နှလုံးသားက သိမ့်သိမ့်ကလေး ခုန်လာပြန်သည်။
ဆပ် ဆီက လာတဲ့ စာ....
' အလင်္ကါ ရေ....
မင်းကိုလွမ်းတယ် ... ဒါဟာ ပထမဆုံး ပြောချင်တဲ့စကားပဲ နောက်တစ်ခုပြောချင်တာ ကတော့ ငါ အဆင်ပြေတယ် ဆိုတာ...ပြီးတော့ ဝန်ခံစရာတစ်ခုရယ်
YOU ARE READING
ပန်းဘွဲ့အလင်္ကါ (Completed )
Historical Fictionအလင်္ကါမောင်...ဆိုတဲ့ ကောင်က ရာသီအလိုက် ပန်းဘွဲ့တွေ သီကျူးနေတဲ့ ကောင် ... နွေရာသီမှာ တွဲခဲ့တဲ့ ကောင်မလေးတွေ နာမည်က. ကံ့ကော်ဦး.. ပိတောက်ဝါ ငုဝါ..... မိုးရာသီမှာ တွဲခဲ့တဲ့ ကောင်မလေးတွေ နာမည်က. စံပယ်ဖြူ.. ဇွန်လေးငုံ ဟော.. ဆောင်းရာသီမှာ တွဲခဲ့ဖူးတဲ့ သ...