စိမ်းစိုအုံ့ဆိုင်းနေသော အရိပ်ရအပင်ကြီးများ ဖြင့် အေးချမ်းလှသည့် ကျောင်းတော် ဝန်းထဲတွင် စာသင်သားများ ဟိုဟိုသည်သည် သွားလာ လှုပ်ရှားနေကြသည်။ ပေလွှာများကို ဖတ်ရှုနေသူ ဝိုင်းဖွဲ့ဆွေးနွေးနေသူ ကိုယ်ခံပညာ လေ့ကျင့်နေသူ စသည်ဖြင့်...။ မနက်အစော နှင်းမြူခပ်ပါးပါးက လွှမ်းခြုံနေဆဲ ဖြစ်သော်လည်း ကိုယ်ခံပညာလေ့ကျင့်နေသူ မင်းထင်ရဲ့ ခန္ဓာကိုယ်မှာတော့ ချွေးစက်တို့က ရေလောင်းချထားသည့်နှယ် စိုရွှဲနေလျက်..... စာပေလေ့လာခြင်းထက် လက်ရုံးရည်ကို ပိုအားသန်သောသူ ဖြစ်သဖြင့် အခြားရွယ်တူ လူငယ်များထက် ကိုယ်ခန္ဓာအချိုးအစားက ပိုမိုတောင့်တင်းသည်။
ခါးဝတ်ပုဆိုးကို ခါးတောင်းကျိုက်လျက် အပေါ်ပိုင်းဗလာကျင်းနေကာ ကျစ်လျစ်သော ကြွက်သားတို့အား လှစ်ဟပြနေလေသည်။ အရစ်အရစ် အဖောင်းအဖုများမှာ ညိုညက်ညက် အသားအရေနှင့် လိုက်ဖက်ညီစွာ .... ထို့အပြင် တင်းမာပြတ်သားသော မျက်နှာထား ထီမထင်ဟန်မျက်ဝန်းတို့ဖြင့် မြင်ရသူ မိန်းမပျိုတိုင်းအား ရူးသွပ်သွားစေလောက်သည်။
ကဗျာတစ်ပုဒ်မျှ ရေးစပ်ကြည့်မည် ကြံစည်ကာ ဧကရာဇ်ပင်အောက်ထိုင်ရင်း ပေလွှာနှင့်ကညစ်ကို ကိုင်ထားမိပေမယ့် အာရုံတွေက လေ့ကျင့်ရာ ကွင်းဘက်ဆီမှာသာ... ။ ယှဥ်ပြိုင်လာသူတိုင်းအား အနိုင်ဖြင့် ပိုင်းချနေသည့် ပန်းကုန်းရွာစား၏သားတော်မောင်အား ငေးကြည့်မိနေခဲ့သည်။
' ညိုပြာညက်စင်၊ အိုလုလင်ငယ်
မြင်သူရိုကိုး ၊ မြတ်နိုးလောက်မည်
ရည်ရွယ်မှန်းဆ ၊ တုနှိုင်းမရချေ
သုရှင်မြှောက်စား၊ စစ်သည်အလားမို့...... 'အမှတ်မထင်ရေးစပ်မိပြီးမှ ပေလွှာထက်က ကဗျာကိုမြင်ကာ တိတ်တခိုး ရှက်ရွံ့မိရပြန်သည်။
' နောင်ကြီးမင်းထင်သာ မြင်သွားခဲ့လျှင် ခက်ရချည်ရဲ့ '
တစ်ဦးချင်းယှဥ်ပြိုင်တိုက်ခိုက်နေရင်း ကွင်းပြင်နှင့်မနီးမဝေးရှိ ဧကရာဇ်ပင် အောက်တွင် ထိုင်နေလေသော ငယ်ထွေးအား လှမ်းမြင်လိုက်ရသည်။ လေတစ်ချက်အဝှေ့မှာ လွင့်ကြွေကျလာသော ဧကရာဇ်ပန်းလေးများနှင့်အပြိုင် ဖြူစင်လှပနေသည့် ကောင်လေးပင်။ ပေလွှာပေါ်တွင် ကညစ်ဖြင့် ရေးခြစ်နေလေရာ ကဗျာတစ်ပုဒ် စဥ်းစားမိသွားပြီ ထင်ပါရဲ့ ။ မြေပြင်ထက်တွင်လည်း ဖြူလွလွ ဧကရာဇ်ပန်းများက အကြင်ကောင်ငယ်လေး၏ခြေရင်းတွင် ဝပ်ဆင်းနေသည်။
YOU ARE READING
ပန်းဘွဲ့အလင်္ကါ (Completed )
Historical Fictionအလင်္ကါမောင်...ဆိုတဲ့ ကောင်က ရာသီအလိုက် ပန်းဘွဲ့တွေ သီကျူးနေတဲ့ ကောင် ... နွေရာသီမှာ တွဲခဲ့တဲ့ ကောင်မလေးတွေ နာမည်က. ကံ့ကော်ဦး.. ပိတောက်ဝါ ငုဝါ..... မိုးရာသီမှာ တွဲခဲ့တဲ့ ကောင်မလေးတွေ နာမည်က. စံပယ်ဖြူ.. ဇွန်လေးငုံ ဟော.. ဆောင်းရာသီမှာ တွဲခဲ့ဖူးတဲ့ သ...