18🌼U&Z

778 75 9
                                    

ရေစီးသံတွေကြားနေရင်းမှ တဖြည်းဖြည်း တိုးသွားကာ  အခြားသော ဆူညံသံတို့ တဖြည်းဖြည်း ချင်း ကျယ်လောင်စွာကြားလာရသည်။

"   ဘယ်လိုဖြစ်ကြတာလဲ ဟယ်  "

"  တစ်ယောက်က ရေနစ်တာ  တစ်ယောက်က ခံတပ်ရိုးပေါ်က ပြုတ်ကျတာ "

နဖူးထက်မှ အနည်းငယ်နာကျင်မှုနှင့်အတူ မျက်လုံးတို့ကို ဖြေးဖြေးချင်း ဖွင့်ကြည့်လိုက်မိတော့..  ခပ်မှိုင်းမှိုင်းမျက်နှာကျက်တွေကို အရင်တွေ့လိုက်ရသည်။

" ဆပ်.. ဆပ် သတိရလာပြီလား   "

ဘေးနားမှာ ထိုင်နေသည့် အလင်္ကါမောင့်ကို တွေ့တော့   အလိုလို လှမ်းဖက်လိုက်မိသည်။
တော်သေးတာပေါ့..  တကယ်ကို တော်သေးတာပေါ့ ။ သည်တစ်ခါ  ထပ်ပြီးတော့သာ   ဆုံးရှုံးခဲ့ရရင်...

" မေမေတို့ဆီတော့ ဖုန်းမဆက်ထားဘူး စိတ်ပူနေမှာစိုးလို့    "

" အင်း.. ဒါနဲ့  မင်း  တစ်ခုခုကို မြင်ခဲ့သေးလား   "

" ဟင်... ဘာမြင်ရမှာလဲ  ငါလည်း  မင်းအရင် စောစောကပဲ သတိရလာတာ  ဟီး ဟီး   "

ပြုံးရယ်ကာပြောနေပေမယ့်   မပြုံးနိုင်ဘဲ နာကျင်သွားရသည်က သူ ။ မေ့သွားပြီပဲ   ... စောင့်နေမယ်ဆိုပြီး ပြောခဲ့ပေမယ့်   မေ့သွားခဲ့ပြီပဲ ။ စွဲလမ်းမိပါတယ် မြတ်နိုးမိပါတယ် ဆိုတာတွေဟာလည်း... ရေအလျဥ်နဲ့အတူ မြောပါခဲ့ပြီထင်ပါရဲ့ ။

ပေးခဲ့ဖူးတဲ့ ကတိစကားတစ်ခွန်းကို  ယုံစားမိခဲ့တဲ့ ငါကပဲ မှားတာလား  ။ မေ့လျော့သွားခဲ့တဲ့ မင်းအပြစ်ပဲလား ။ ဘဝတွေပြောင်းမှတော့  စိတ်တွေလည်း ပြောင်းပြီပေါ့ ။ တစ်ဘဝတည်းမှာတောင် အချစ်က အပြောင်းအလဲတွေများနေလိုက်တာ..   နောင်ဘဝဆိုရင်တော့....

" မောင်ရေ....   ဘယ်လိုဖြစ်ရတာလဲ    "

ဂျူတီကုတ်အဖြူကို လက်တစ်ဖက်က ကိုင်ရင်း  ကျောပိုးအိတ်အလှလေးကို လွယ်ကာ ရောက်ရှိလာလေသော မိန်းကလေးတစ်ယောက်။ အလင်္ကါမောင်ရဲ့ လက်တွေကို ဆုပ်ကိုင်ကာ စိုးရိမ်တကြီး မေးမြန်းနေလေတော့သည်။

" မောင်  ဘာမှမဖြစ်ပါဘူး ခွာညိုရဲ့  ဒီမှာလေ  ဆပ်ကသာ ခံတပ်အပေါ်က ပြုတ်ကျပြီး နဖူးကွဲသွားတာ  နည်းနည်း ချုပ်လိုက်ရတယ်  "

ပန်းဘွဲ့အလင်္ကါ (Completed  )Opowieści tętniące życiem. Odkryj je teraz