🌼🌼

324 27 4
                                    

ရှေ့ဆက်မယ့် ဇာတ်ကြောင်းက အခုလတ်တလောဖြစ်ပျက်နေတဲ့ နိုင်ငံရေးတွေ ပေါ် အခြေခံထားတာပါ

ရေးလက်စကို ဆက်တောင်မရေးနိုင်ဘူး  ...  Feb 1 က. အကြောင်းကို ပြန်တွေးမိရုံပဲ ရှိသေးတယ်  အတွေးတွေလွန်ပြီး  ကဗျာတွေ ကောက်စပ်....

တကယ်တော့ ကဗျာလို့လည်း မဆိုသာပါဘူး...  ဟိုမရောက်သည်မရောက်ပေါ့...


"ဆုတောင်းဖြည့်မယ့် ကြယ် "

ပန်းဝေဝေ ပင်ယံမှာမနေဘဲ
မြေပြင်မှာသက်ဆင်းလို့
ခြွေနင်းခံရရှာပြန်ပြီ။

ဝေမှမွှေးမယ်ထင်သလား
ကြွေရလည်း သင်းပျံ့နေဆဲ
နှင်းအကုန်နွေခါဦးမှာ
ပွင့်ဖူးတဲ့ ရဲရဲနီ...
သည်လောက မြေမဟီဝယ်
ဘာမထီ မှန်မည်သာ စွဲသည့် လူမျိုး။

အာဏာကိုတော်လှန်လို့
ပုန်ကန်ရာမမြောက်...
ပြည်သူကို သစ္စာဖောက်မှ
လောက်တက်တဲ့ အသား...
ငါတို့ရဲ့ကြွေးကြော်သံ
မိုးထိတိုင်ညံပေလို့
သန်းခေါင်ယံ ကျော်ခါမှ
မျှော်ပါသည့်ရောင်နီဟာ
အရှေ့ဆီအာကာပြင်မှ
ပေါ်လာမည် မာန်တင်းလို့
သက်ပြင်းရှိုက်ကာ လျှောက်တော့မယ်...
အဆုံးထိတိုင်ရောက်ဖို့
လက်နက်ကိုင်စွဲ....။

ခိုင်ခိုင်မာ အာဏာကိုမုန်း၍
ပြည်သူသာပြုံးရယ်နိုင်ဖို့
ထိပ်ဆုံးမှာရပ်တည်...
မှောင်မိုက်တဲ့သည်ညလယ်မှာ
စွမ်းရုံသာလင်းစေလိုငြား
ပေါ်လာသည့်..... ကြယ်တွေ
ကြွေခါမှ တောင်းဆုပြည့်စမ်း
ဆုတောင်းသာဖြည့်ရမည်ဆို
ကြွေလိုက ကြွေစေတော့....
လွတ်လပ်တဲ့ နယ်မြေဆီသို့ ...
အသက်တည်ပုံကာအပ်
နီစွေးသော သွေးကိုရင်းလို့
သင်းတို့ ကြားအောင် ဟစ်ကြွေးလိုက်မယ်...

ငါတို့က...

ဆုတောင်းပြည့်အောင် ဖြည့်မယ့်ကြယ်တွေ......

ရွက်ဝါ

၁၉.၁.၂၂

ကာရန်တွေ နဘေတွေ မစဥ်းစားဘဲ ရင်ထဲရှိသလို ချရေးလိုက်တယ်...

ကဗျာမဟုတ် ဘာမဟုတ်

ပန်းဘွဲ့အလင်္ကါ (Completed  )Wo Geschichten leben. Entdecke jetzt