40🌼U&Z

565 44 2
                                    

တသွင်သွင်စီးဆင်နေတဲ့ စမ်းချောင်းငယ်လေးရယ်   လေတိုးလိုက်တိုင်း တရှဲမြည်မြည်သံအချို့ ထွက်ပေါ်လာတတ်သော ဝါးရုံပင်တွေရယ်   တစ်ချက် တစ်ချက် တိုးတိုးသဲ့သဲ့ ကြားရပြန်သည့် ကျေးငှက် အော်သံတွေ....  အေးချမ်းလှသည့် ရပ်ဝန်းတစ်ခုလို့ ထင်ရပေမယ့်  တကယ်တော့  ရင်ထဲမှာ နာကျည်းချက်ကိုယ်စီဖြင့် လူသားတွေ စုပေါင်းနေသည့် နေရာတစ်ခု။

စိမ့်စမ်းရေအေးအေးဖြင့် မျက်နှာသစ်နေသော  အလင်္ကါ ကို  ဝါးရုံပင်အောက်မှာထိုင်ရင်း လှမ်းကြည့်နေမိသည်။ နေလောင်ဒဏ်ကြောင့်  အသားအရည်တို့က ညိုညစ်ညစ်။ သူ့အနား လာထိုင်တော့  လက်ထဲက တဘက်ကို ကမ်းပေးလိုက်သည်။ ပွတ်တိုက်သွားသည့် လက်ဖဝါးပြင်ဟာ  ကြမ်းရှရှ အထိတွေ့ကို ခံစားမိသည်။ နားကြပ်ကိုင်ရမယ့် လက်ဟာ သေနတ်ကိုင်နေရတော့  အသားမာတက်ရှာပြီပေါ့... ။

" ပင်ပန်းနေပြီလား အလင်္ကါ   "

" ပင်ပန်းတယ် မမြင်ပါဘူး ဆပ်ရာ... လမ်းမပေါ်မှာ ကျခဲ့တဲ့  အသက်တွေနဲ့ ယှဥ်ရင်ပေါ့   "

ဆေးတပ်သား သူ့ထက်  အလင်္ကါက ပိုပြီး ပင်ပန်းဆင်းရဲရသည်။ လေ့ကျင့်မှုတွေမှာလည်း သူ့ထက် ဆယ်ဆလောက် ပိုပြင်းထန်သည်။ လက်ဖျားထိပ်တွေမှာဆို ပွန်းပဲ့ရာတွေက အမြဲရှိနေသည်။ တဘက်ကို ပြန်ယူလိုက်ပြီး  အသားမာတက်နေတဲ့ လက်ဖဝါးကို ဆုပ်ကိုင်လိုက်တော့... အပြုံးတစ်ခုနဲ့ အတူ နဖူးပြင်ပေါ်ကျရောက်လာသော အနမ်းတစ်ခု။

" ငါတို့ ဘယ်အချိန် မှ အိမ်ပြန်နိုင်မလဲ  "

" တိုက်ပွဲတွေ အောင်နိုင်ပြီးရင်ပေါ့... ငါကတော့  ရှေ့တန်းထွက်ရဖို့ မစောင့်နိုင်တော့ဘူး "

" အကုန်လုံးက အဆင်သင့်ဖြစ်နေကြပြီပဲ  ဒီအတောအတွင်း အပင်ပန်းခံပြီး လေ့ကျင့်ခဲ့ရတာ အလကားမှ မဟုတ်တာ...   "

သူ့ခေါင်းနှင့် တစ်တန်းတည်းဖြစ်နေသော  အလင်္ကါ့ရဲ့ပုခုံးတွေပေါ်  မှီတင်လိုက်မိသည်။ အရင်ကတည်းက အရပ်ရှည်သော အလင်္ကါ က လေ့ကျင့်ရေးတွေကြောင့် ပိုပြီးထွားလာသည်။ သူကိုယ်တိုင်ကလည်း  အရင်နှင့်မတူ သန်မာလာပေမယ့်  အလင်္ကါနှင့်တော့ ယှဥ်လို့မရ ။

ပန်းဘွဲ့အလင်္ကါ (Completed  )Where stories live. Discover now