2🌼(Z&U)

1.6K 138 3
                                    

ဘာသာရပ်အသစ်တွေနှင့်စတင်ထိတွေ့ရသော အတန်း ဖြစ်သဖြင့် ဆပ်သွားဖူး  စာကိုသာ အာရုံစိုက်နေခဲ့သည်။အလင်္ကါမောင် ဆိုသော အကောင်ကို သတိပင်မထားမိ။ သူ သတိထားမိသော အချိန်တွင် ထိုတစ်ယောက်ကတော့ ရာသီအလိုက် ပန်းတွေကို ခူးဆွတ်နေလေသည်။

အထက်တန်းကျောင်းသားဘဝ ရည်းစား ခဏ ခဏ ထားသဖြင့်.. မိဘ အခေါ်ခံနေရသည်။ ထားလိုက်သမျှ ကောင်မလေးတွေကလည်း.. ပန်းနာမည်တွေချည်း... ။ 

"ဟေ့ကောင် အလင်္ကါမောင် စံပယ်ပန်းကုံးတွေက ဘာလုပ်ဖို့လဲ အတန်းထဲက ဘုရား ကပ်ဖို့လား..    "

အိမ်စာပေးထားသော.. စာစီစာကုံး တစ်ပုဒ်ကို ရေးနေခိုက် ကြားလိုက်ရသော အသံကြောင့် နားစွင့်နေမိသည်။.

"မဟုတ်ဘူး..  ငါ့ကောင်မလေးကို ပေးမလို့...      "

"  သြော်.. သြော် စံပယ်ဖူး အတွက်.. စံပယ်ပန်းကုံးတွေ ယူသွားပေးတယ်ပေါ့ အေး.. ထပ်ပြီး မိဘအခေါ်ခံနေရဦးမယ် ဂရုစိုက် သားကြီး "

ဘာရယ်မဟုတ် တသီးတသန့်ယူလာခဲ့သည့် စာအုပ်တွေဆီ အကြည့်ရောက်သွားမိသည်။

စံပယ်ဖူးအတွက်.. စံပယ်ပန်း

ဆပ်သွားဖူး ဆိုတဲ့ ငါ့အတွက်... ဆပ်သွားဖူးပန်းပေါ့...

စာ ဆက်ရေးရန် စိတ်မပါတော့သဖြင့် ဘောပင်ကို ပစ်ချကာ အဖြူစိမ်းဝတ်စုံကိုသွား လဲလိုက်သည်။   ဆပ်သွားဖူးဖက်ရွက် အစလေးတွေ မြင်နေရသည့်.. စာအုပ်လေးတွေကိုကြည့်ရင်း.. အလိုမကျသလို ခံစားနေရပြန်သည်။

မေမေတို့ကလည်း   ဘာ့ကြောင့်များ ဆပ်သွားဖူးလို့ နာမည်ပေးခဲ့ရသလဲ။  သူ မွေးတဲ့အချိန်  ဆပ်သွားဖူးပန်းတွေ မွှေးအီနေအောင် ပွင့်တဲ့ အိမ်ခေါင်းရင်းက ပန်းပင်ကိုပဲ အပြစ်ဆိုရမလား။  ကိုယ်ဝန်ဆောင်ချိန်.. ဆပ်သွားဖူး ပန်းတွေ ကို အနားမှာ ထားအိပ်သည်အထိ  ဖြစ်ခဲ့သည့် မေမေ့ကိုပဲ ငြူစူရတော့မလား။

ကျောင်းက အတန်းတွေအားတဲ့အချိန်မှာတော့ အိမ်စာတွေကို ပြီးအောင်လုပ်နိုင်ခဲ့သည်။ ညနေခင်း ဘော်ဒါက မြန်မာစာ အချိန်မှာ အချိန်မှီ  စာအုပ်ထပ်ဖို့ လိုသည်လေ။

ပန်းဘွဲ့အလင်္ကါ (Completed  )Where stories live. Discover now