28🌼U&Z

668 58 0
                                    

လေပြေသဲ့သဲ့တိုက်ခတ်ချိန်ဝယ် ထန်းလက်တို့အချင်းချင်းပွတ်တိုက်မိရာမှ ထွက်ပေါ်လာသော အသံတစ်ချို့နဲ့ စပါးခင်းတွေဆီမှ တရှဲရှဲမြည်သံတွေကို  ကြားနေရသည်။  ကျိုးတိုးကျဲတဲ ထန်းပင်တွေရယ်  ဝင်လုဆဲဆဲနေရောင်ခြည်တို့နှင့်  အင်းဝမြို့ဟောင်း ဆည်းဆာချိန်ဟာ  ပန်းချီကားတစ်ချပ်သဖွယ် ။

အပျက်အစီးအနည်းငယ်နှင့် ​ရှေးခေတ်လက်ရာ ကျန်ရစ်နေဆဲ ရတနာဆီမီးစုဘုရားပေါ်မှာတော့  အပင်အိုကြီး၏ခြေရင်းတွင် မှီထိုင်ရင်း  ငေးမောနေကြသော သူတို့နှစ်ယောက် ။ သိပ်မကြာခင်မှာပဲ  ဆပ်ရဲ့ ခန့်အပ်စာက ရောက်လာတော့မည် ။ ဘွဲ့ယူရမည့်နေ့ကလည်း  ရက်ပိုင်းသာလိုတော့သည်။ အကယ်၍ များ  အဝေးကြီးကို သွားရမည်ဆိုလျှင်   သူ  ဆပ်ကို သွားခွင့်ပြုနိုင်ပါ့မလား ။ ခွင့်ပြုခြင်းမပြုခြင်းက. သူနှင့်မသက်ဆိုင်သော်ငြား  ဝေးကွာရသည့် အလွမ်းဒဏ်ကို သူ ခံနိုင်ရည်ရှိပါ့မလား မသေချာ။

"ဆပ်... တကယ်လို့  ဟိုးအဝေးကြီး နယ်စပ်ဒေသထိ သွားရမယ်ဆိုရင်လည်း သွားမှာပဲလား   "

" အင်း  ငါ မြန်မာပြည်အနှံ့ရောက်ဖူးချင်တယ်  စာအုပ်တွေထဲမှာ ငါဖတ်ခဲ့ရတဲ့နေရာဒေသတွေကို ကိုယ်ကိုယ်ကျ မြင်တွေ့ချင်တာ....    "

"  အဲ့တာဆို ငါကရော  ထိုင်ပြီး လွမ်းနေရမှာလား "

" စောင့်လေ... အချိန်တစ်ခုကြာရင် ငါတို့နီးရမှာပေါ့ ပြီးတော့ ငါ ကချင်ပြည်ကို အရမ်းရောက်ဖူးချင်တယ်  အဲ့ဒီကိုတာဝန် ကျရင် ပိုတောင်ကောင်းသေး  "

" ဘာလဲ မြန်မာပြည်မြောက်ပိုင်း  ကို ဖတ်ပြီးတော့လား   "

" ဟုတ်တယ်  တိုင်းရင်းသားအချင်းချင်းဆိုပေမယ့် သူတို့ဓလေ့ထုံးစံတွေ လူမျိုးစုငယ်လေးတွေအကြောင်း  ငါတို့ဘာမှမသိကြဘူးလေ...  ပြီးတော့.. "

ဆက်ပြောရန် ဟန်ပြင်နေပေမယ့် ဝင်လာသည့်ဖုန်းသံကြောင့် စကားစကို ရပ်ကာဖုန်းကိုင်လိုက်သည်။ ဖုန်းပြောနေရင်း အမူအယာမကောင်းတော့သလို မျက်နှာကြောင့်  စိုးရိမ်ရပြန်သည်။

" ဆပ်  ဘာဖြစ်လို့လဲ    "

" pre convo တုန်းက ပုံတွေ  ဒီနေ့အိမ်ကို ပို့လာတယ်တဲ့ အဲ့တာတွေ  မေမေတို့ မြင်သွားပြီ   "

ပန်းဘွဲ့အလင်္ကါ (Completed  )Where stories live. Discover now