27🌼U&Z

680 58 2
                                    

' လေးနှစ်တာ လေလွင့်ပြီးနောက်  ...  '

ဆိုတဲ့ caption နှင့်အတူ  ဘွဲ့ဝတ်စုံဖရိုဖရဲနဲ့ ပုံတွေရယ် အုပ်စုလိုက်နောက်ပြောင်ရယ်မောနေတဲ့ ပုံတွေရယ်။  နှုတ်ဖြေစာမေးပွဲခန်းထဲမှ ထွက်လာလာချင်း အိတ်ထဲမှ ဖုန်းကို ယူဖွင့်ကြည့်မိချိန် တွေ့လိုက်ရသည့် ပုံတွေပင်။

ပို့စ်ကို အသည်းပေးလိုက်တော့  စက္ကန့်ပိုင်းအတွင်းမှာပင်  ဝင်လာသည့် စာတစ်စောင်။

" အလင်္ကါ ဖြေနိုင်ခဲ့ရဲ့လား   "

" အင်း ဖြေနိုင်တယ်  အခု ကျောင်းမှာပဲလား  "

" ဘွဲ့ဝတ်စုံက ထုတ်ခဲ့ပြီးပြီ  သူငယ်ချင်းတွေနဲ့အရင် ပုံတွေ ရိုက်နေတာ   "

" ဟုတ်ပြီ ခဏနေရင် ကျောင်းကိုလာခဲ့မယ်  "

" ocean ကိုလာခဲ့  ငါတို့က အဲ့ဒီကို သွားတော့မှာ   "

" အင်း အင်း   "

စာပို့ပြီးနောက် ပို့စ်ကို ပြန်ကြည့်ကာ ပုံတွေကို တစ်ပုံချင်း သေချာလိုက်ကြည့်နေမိသည်။ အနက်ရောင် ဘွဲ့ဝတ်စုံပေါ်မှာ ပန်းခရမ်းရောင် အစင်းလိုင်းနှင့်  အနောက်မှာက စိမ်းနုနုအဆောက်ဦးတွေနှင့် သူနာပြုတက္ကသိုလ် ။ ပြုံးရယ်နေတဲ့ ဆပ်ရဲ့ပုံစံဟာ  လွတ်လပ်မှုအသွင်ကို ထင်ဟပ်နေသည်။ ဘွဲ့ရပြီး တာဝန်ကျရာနေရာကို သွားရတော့မယ့်  သူတစ်ယောက်။ သူနဲ့လည်း ဝေးရာဆီပေါ့ ။

Ocean ကို သူရောက်တော့ နေ့ခင်း နှစ်နာရီခန့်ပင် ရှိချေပြီ။ season bakery မှာ ထိုင်စောင့်ရင်း မုန့်စားနေသည့် ဆပ်ရှေ့မှာ ဝင်ထိုင်လိုက်ကာ

" တစ်ယောက်တည်းကျန်နေခဲ့တာလား  "

" ပုံရိုက်ပေးမယ့်သူက ခဏနေရင် လာတော့မှာ  စာမေးပွဲခန်းက ထွက်လာပြီး ဘာမှမစားရသေးဘူးမလား တစ်ခုခု သွားယူလေ  "

ချောကလက်ကိတ်နဲ့ စတော်ဘယ်ရီမစ်ရှိတ်တစ်ခွက်ကို ယူကာ စားပွဲဆီပြန်လာခဲ့သည်။ ချောကလက်ကိတ်ကို တစ်ဇွန်းသာ ယူစားပြီး မစ်ရှိတ်ပဲ ထိုင်သောက်နေရင်း  မျက်နှာချင်းဆိုင်က ကောင်လေးကို မသိမသာ အကဲခတ်နေမိသည်။ မိုင်လိုမစ်ရှိတ်ကို သောက်နေပေမယ့် မျက်လုံးက ချောကလက်ကိတ်ဆီက မခွာ ။ ဆပ် က ချောကလက် သိပ်ကြိုက်တာ သူသိပြီးသား ။
သိပ်မကြာပါ... သူ့ကို မေးလာတော့သည်။

ပန်းဘွဲ့အလင်္ကါ (Completed  )Where stories live. Discover now