22🌼U&Z

763 71 11
                                    

' အလင်္ကါ...  နေ့လည်ဘက် အချိန်ရလား  '

စာသင်ချိန်တစ်ခုအပြီး  အိတ်ထဲက ဖုန်းကို ယူကြည့်မိချိန် တွေ့လိုက်ရသည့် စာ ။ ပန်းပွင့် စတစ်ကာ လေးနဲ့ အမှတ်အသားပြုလုပ်ထားတဲ့ နံပါတ်လေးဆီကပင် ။ ဖုန်းကိုယူကာ အတန်းအပြင်ဘက် ခဏထွက်ပြီး  ဖုန်းခေါ်လိုက်တော့ ချက်ချင်းပင် ကိုင်လာသည်။

" အင်း   ဆပ်   ဘာကိစ္စရှိလို့လဲ   "

" နေ့လည် အားလားလို့ပါ   "

" ဂျူတီက ဘယ်ချိန်ထိလဲ  ငါ လာခေါ်မယ်လေ   "

" Morning duty...    "

" အင်း ၁နာရီထိုးတာနဲ့ SU( surgical unit- ခွဲစိတ်ဆောင် ) ​ရှေ့အရောက် လာခဲ့မယ်    "

ဖုန်းပြောပြီး အတန်းထဲပြန်ဝင်ထိုင်တော့  အနားနားကပ်လာကြသည့် သူငယ်ချင်းတွေ ။ မချိုမချဥ် စပ်ဖြီးဖြီးရုပ်တွေနဲ့မို့  နည်းနည်းတော့ လန့်မိသည်။

" ဘာလဲ မင်းတို့ကောင်တွေ   "

" သားကြီး... မင်း ခုတလော မူမမှန်တာ ငါတို့သိတယ်နော်  "

" ဟုတ်တယ်  ပြောစမ်း ဒီတစ်ယောက်က ဘယ်ကျောင်းကလဲ   "

" ဖုန်းပြောရင်ကို  အခွက်က ကြည်နူးနေတာ   ဖြတ်ရိုက်ချင်စရာ ရုပ်နဲ့   "

"  Nursing က   "

" wow. ...  ဘယ်အချိန်က တွေ့သွားတာလဲဟ  "

" ပြီးတော့  ကောင်မလေး မဟုတ်ဘူး ကောင်လေး   "

စကားဝိုင်းက အချိန်စက္ကန့်ပိုင်းလောက် တိတ်ဆိတ်သွားသည်။ မျက်မှန်ထူထူနဲ့  ရန်နိုင်စိုးက ပုခုံးပေါ် လက်တစ်ဖက်တင်ကာ ​ပြောလာသည်။

" သားကြီး  မင်း ဘယ်အချိန်က ကွေးသွားတာလဲ   "

"  အေးကွာ  ဒီလိုမှန်းသိရင်  အိမ်က ငါ့ညီနဲ့ ချိတ်ပေးလိုက်ပါတယ်   "

" မင်းတို့   အဆင်ပြေတယ်လား   "

" ဘာကို အဆင်ပြေ.. မင်း ကွေးသွားတာကိုလား   "

" ဟေ့ကောင်  မင်းဟာမင်း ကွေးကွေး ဖြောင့်ဖြောင့်   ငါတို့နဲ့မဆိုင်ဘူးလေ  "

ရန်နိုင်ရဲ့အပြောက ပုံမှန်လိုပင် ပေါ့ပေါ့ပါးပါးဆိုလာသည်။

ပန်းဘွဲ့အလင်္ကါ (Completed  )Where stories live. Discover now