4🌼U&Z

1.3K 115 10
                                    

နုန်းမြေကို တွေ့ရာ တုတ်တစ်ချောင်းစီနှင့် တူးဆွနေရာ..  နစ်မြုပ်နေသော ပစ္စည်းလေးမှာ တဖြည်းဖြည်းပေါ်လာသည်။  ​ရှေးဟောင်း သေတ္တာငယ်လေးတစ်လုံး။ ကနုတ်လက်ရာတို့ မပေါ်လွင်တော့... ခပ်ညစ်ညစ် အရောင်မွဲမွဲ သေတ္တာဟောင်းလေးကို အသာဖွင့်ကြည့်တော့.... ပေစာဟောင်းတစ်ခုရယ်.. ကညစ်တံတစ်ချောင်းရယ်ကို တွေ့လိုက်ရသည်။

ဝါကျင့်ကျင့်ပေစာရွက်တွင် စာတစ်ချို့ ရေးသားထားသော်ငြား.. နှစ်တွေကြာပြီဖြစ်၍ စာလုံးတွေက မသဲကွဲ။ ကညစ်တံလေးမှာလည်း.. ကျွန်းသားဖြင့် ပြုလုပ်ထားဟန်ပင်။ ကနုတ်လက်ရာ ဟောင်းတစ်ချို့ ထွင်းထုထားပြီး... ထိပ်ဆုံးမှာက.. အတောင်ပံဖြန့်ထားသည့် ဒေါင်းရုပ်ငယ်လေးပင် ပါနေသည်။

"ရှေးဟောင်းပစ္စည်း ထင်တယ်    " 

လက်ထဲမှ တုတ်ကိုပစ်ချလိုက်ပြီး.. ငုံ့ကြည့်နေသည့် အလင်္ကါမောင်က.. ပြောတော့မှ... သေတ္တာကို ငေးနေသည့် ကျွန်တော်   သတိဝင်လာသည်။

"အင်း.. ဟုတ်လောက်မယ်... ငါတို့ ယူသွားမှာလား   "

" ဒီမှာ.. ရှေးဟောင်းပစ္စည်း ပြတိုက်ရှိတယ်... အဲ့မှာ သွားအပ်လိုက်မယ်လေ  "

သေတ္တာထဲက.. ကညစ်တံကို ကောက်ကိုင်ရင်း... ပြတိုက် အပ်ရမည်ကို နှမြောသလိုလို.. ။ ကညစ်တံကို လှည့်ပတ် ကြည့်လိုက်တော့   စာလုံးတစ်ချို့ကို တွေ့ရသည်။

" ရ..ဝေ..ထွေး  "

"ပိုင်ရှင်ရဲ့ နာမည်ဖြစ်မယ်   "

"အလင်္ကါ... ငါ ယူထားလို့မရဘူးလား..ဒီကညစ်တံလေးပဲ ဖြစ်ဖြစ်     "

အလင်္ကါမောင်က... အရုပ်တစ်ခုကို လိုချင်နေသည့် ကလေးလေးကို ကြည့်သလို ကြည့်လာသည်။

"မရဘူးလေ... ရှေးဟောင်းပစ္စည်း တွေက.. ငါတို့နဲ့ဆိုင်ပေမယ့်.. အပိုင်တော့ မရဘူးလေ... သေချာထိန်းသိမ်းတတ်တဲ့ သူတွေဆီမှာပဲ.. ထားလိုက်ပါ   "

မြို့ဟောင်းအတွင်းဘက်ထိ မဝင်ကြတော့ဘဲ.. မြို့အဝင် တံခါးကနေသာ လှည့်ပြန်လာခဲ့ရသည်။ ခပ်လှမ်းလှမ်းရောက်တော့... အနောက်မှာ ကျန်ခဲ့သည့် မြို့တံခါးဟောင်းကြီးကို ပြန်လှည့်ကြည့်မိသည်။ ဧရာဝတီ မြစ်ကမ်း နံဘေးက... မြင့်မားလှသည့် မြို့ရိုးဟောင်းနှင့် မြို့အဝင်တံခါးက.. ဝင်ခါက နေရောင်ညိုညိုကြောင့်... အထီးကျန်နေသလိုလို။ လွမ်းဆွတ်ဖွယ်..ခံစားမှုတစ်ခုကိုလည်း ပေးစွမ်းနေသည်။

ပန်းဘွဲ့အလင်္ကါ (Completed  )Where stories live. Discover now