ကျွန်းသားနက်နက်တို့ဖြင့် မွမ်းမံပြုလုပ်ထားသော ဝင်းတံခါးကြီးရှေ့တွင် ရပ်နေမိသည်မှာအတော်ကြာပြီ။ ဘယ်လိုအကြောင်းအရာမျိုးဖြင့် အထဲကို ဝင်သွားရမလဲ စဥ်းစားရင်း အချိန်တွေ က တရွေ့ရွေ့ ။
" ရဝေထွေး.. "
အနောက်ကနေ ခေါ်လိုက်သံကြောင့် လှည့်ကြည့်တော့ အပြင်က ပြန်ရောက်လာသည့် နေမျိုးမင်းထင် ။
" ဘာကိစ္စရှိလို့လဲ ငယ်ထွေး "
" ... "
လူကိုယ်တိုင် တွေ့သည့်အချိန်ရောက်တော့ ဘယ်ကစပြီး ပြောရမလဲ မသိတော့။ အပေါင်းအသင်းမမှားစေရန်ပြောရမည်လား... ။ချီးမြှင့်ခံရသည်ကို ဂုဏ်ပြုစကားဆိုရလေမလား...။
" အိမ်ထဲ ဝင်ကြမယ်လေ... ပြောစရာရှိတယ်ဆိုလည်း ပြောပေါ့ "
အရှေ့ကနေ ဦးဆောင် လျှောက်သွားသူနောက် လိုက်ရင်း... အိမ်တော်ကို စူးစမ်းကြည့်နေမိသည်။ အလှပန်းပင် အချို့စိုက်ပျိုးထားကာ သီးပင်စားပင် အပင်ကြီးတစ်ချို့ပါ ရှိနေလေသည်။ ကနုတ်ပန်းခက်တို့ မွမ်းမံခြယ်လှယ်ထားသော အိမ်တော်မှာ အရှိန်အဝါတစ်ခု လွှမ်းမိုးနေသယောင် ခံစားရသည်။ ဧည့်ခန်းဆောင်ထဲအရောက်မှာတော့ နေမျိုးသီဟက နံရံဘက်ဆီလျှောက်သွားကာ လက်စွဲတော်ဓားကို ကျွဲချိုပေါ် တင်ထားလိုက်သည်။
လက်စွဲတော်ဓားရဲ့ ဓားနှောင့်ဖျားတွင် ချိတ်ဆွဲထားသော ပစ္စည်းတစ်ခုကြောင့် စိတ်ဝင်တစား ကြည့်မိနေသည်။ နေမျိုးသီဟ ကလည်း သတိထားမိသည် ထင်သည်။
" ငယ်ထွေးက သည်ပစ္စည်းလေးကို စိတ်ဝင်စားနေတာပဲ ကြည့်ချင်ရင် ကြည့်ပါလေ... ရော့ "
မဟူရာရောင်တောက်နေသော ဓားအိမ်ကြောင့် ချိတ်ဆွဲထားသော အရာလေးမှာ ပိုလို့ ထင်ရှားစွာမြင်နေရသည်။ အဖြူရောင်ဧကရာဇ်ပန်း သဏ္ဍာန်ထွင်းထုထားသော ကျောက်မျက်နှင့် အလှဆင်ထားသည့် ဆံနွယ်စုတစ်ခု...
" စစ်သည်တော်တစ်ယောက်အတွက် လက်စွဲတော် ဓားက အသက်တမျှ အလေးထားရတဲ့အရာတစ်ခု.... "
" ဒါကို ကျုပ်သိပါတယ် ဒီ ဆံနွယ်စုကိုသာ.... "
" ငယ်ထွေးဆီက ကျုပ်ယူခဲ့တာလေ မသိခဲ့ဘူးလား "
VOCÊ ESTÁ LENDO
ပန်းဘွဲ့အလင်္ကါ (Completed )
Ficção Históricaအလင်္ကါမောင်...ဆိုတဲ့ ကောင်က ရာသီအလိုက် ပန်းဘွဲ့တွေ သီကျူးနေတဲ့ ကောင် ... နွေရာသီမှာ တွဲခဲ့တဲ့ ကောင်မလေးတွေ နာမည်က. ကံ့ကော်ဦး.. ပိတောက်ဝါ ငုဝါ..... မိုးရာသီမှာ တွဲခဲ့တဲ့ ကောင်မလေးတွေ နာမည်က. စံပယ်ဖြူ.. ဇွန်လေးငုံ ဟော.. ဆောင်းရာသီမှာ တွဲခဲ့ဖူးတဲ့ သ...