8🌼U&Z

1.1K 95 3
                                    

အိပ်မက်တစ်ခုလေပဲလား သူ့ဘဝမဟုတ်တဲ့ သူ့ဘဝတစ်ခု    သူ့အလိုကျ ဘာမှ လုပ်ခွင့်မရဘဲ ဇာတ်လမ်းတစ်ခုမှာ ကိုယ်တိုင်ဝင်ပြီး သရုပ်ဆောင်နေရသလို အဖြစ်မျိုး။ အလိုက်တသင့်သာ မျောပါလိုက်ရင်း.......

လောက်လေးခွကို ကိုင်ကာ ကောင်းကင်မှာ ပျံဝဲနေသော ချိုးငှက်တစ်ကောင်ကို ပစ်ချလိုက်သည်။ အတောင်ပံကို ထိပြီး  ပြုတ်ကျလာသော ငှက်ကို ဘေးနားမှာ ရပ်နေသည့် လူတစ်ယောက်က ပြေးပြီးသွားကောက်သည်။

ငှက်ခြေထောက် နှစ်ချောင်းကို ဆွဲကိုင်ကာ ယူလာသော လူက

" ကိုရင်မင်းထင်ရေ အကောင်ကြီးက မနည်းဘူးဗျို့...  အမြည်းတစ်ပွဲတော့ လောက်ငှပါရဲ့  "

လောက်လေးခွကို  ကိုင်ထားသော လူရွယ်က
နှုတ်ခမ်းကို တွန့်ကွေးကာ ပြုံးသည်ဆိုရုံလေး ပြုံးလိုက်သည်။ ထူထဲသောမျက်ခုံး  စူးရှနေသော မျက်ဝန်းတို့ဖြင့်  ဖြောင့်စင်းနေသော နှာတံက ထင်းနေကာ  အတော်ပင် ချောမောသော ဆယ်ကျော်သက် ကောင်လေးပင်။

"ကိုရင်ငကျိုင်း  ယူခဲ့ဗျာ  ထန်းတောဘက်သွားကြတာပေါ့   "

လူနှစ်ယောက် က ထန်းတောဘက်ကို ဦးတည်လိုက်ပေမယ့်  ခပ်ဝေးဝေးက လယ်ကွင်းတွေကို ဖြတ်ကာ သူတို့ရှိရာ ဦးတည်လာသော နောက်ထပ်လူနှစ်ယောက်ကို မြင်လိုက်ရသဖြင့်   ခဏရပ်ကြည့်မိလိုက်သည်။

"ငမင်းထင်! !  ရပ်လိုက်စမ်း     "

ထိုအသံဟာ မင်းထင် အတွက်တော့ မိုးကြိုးပစ်သံပင်

" ဟာ... အဘ  "

"  ကိုရင် ငကျိုင်း... ငှက်ကို လွှင့်ပစ်လိုက် အမြန် အမြန် "

ကိုရင်ငကျိုင်း ကလည်း အလိုက်သိသည်။ သူ မပြောခင်ကပင် ငှက်ကို လွှင့်ပစ်ပြီးသား။
အနားကိုရောက်လာသော အဘ က မပြောမဆို နားရင်းကို တစ်ချက် အုပ်လာသည်။

ဖြောင်း! !

" အဘ..   "

"တိတ်စမ်း!   ငါ မင်းကို ဘာလုပ်ခိုင်းထားလဲ   "

"  ကျုပ်.. ကျုပ်   "

" ဖြေစမ်း "

" နန်းတွင်းမှာ အမှုတော်ထမ်းရွက်နိုင်ဖို့   စာပေရော လက်ရုံးရည်ရော လေ့လာဖို့ စေခိုင်းထားတာပါ  "

ပန်းဘွဲ့အလင်္ကါ (Completed  )Where stories live. Discover now