လောကကြီးက မတရားဘူးလို့ ပထမဆုံးအကြိမ် ခံစားလိုက်ရသည်။ အတန်းတိုင်း စာပုံမှန်လုပ် စာကြိုးစားခဲ့ရသည့် ကျွန်တော်က.. ဂုဏ်ထူးသုံးခုပဲ ပါပြီး စာမေးပွဲနီးမှ မီးကုန်ယမ်းကုန် စာကျက် ဖြေခဲ့တဲ့... အလင်္ကါမောင် က ခြောက်ခုလုံး ဂုဏ်ထူးပါတယ်...တဲ့လေ။ လုံးဝ မဖြစ်သင့်ပါဘူး။
မေမေကတော့ တရားချပါသည်။ ကံ ဥာဏ် က မတူနိုင်ဘူးလေ... တဲ့။ တစ်နေ့လုံး စိတ်မကြည်နေသမျှ.. မေမေ့ဇာတိကို ပြန်ရမည်ဆိုတော့.. နည်းနည်းတော့ စိတ်အခြေနေကောင်းလာသည်။ မေမေ့ဇာတိက မန်းမြို့နှင့် သိပ်မဝေးသော်ငြား... မကြာခဏ မရောက်ဖြစ်။ တံတားဦးမြို့နှင့် အင်းဝမြို့ဟောင်းကြားက.. မော်ကွန်းရပ်။ ထိုနေရာဟာ.. မေမေ့ဘက်မှ ဆွေမျိုးများနေထိုင်ရာ နေရာပင်။
အိမ်တွေရှေ့မှာ.. ရှေးဟောင်းအုတ်တံတိုင်းတွေ က ပေါ်သည့်နေရာပေါ်.. မြေကြီးထဲ မြုပ်သည့်နေရာ မြုပ်နှင့် တည်ရှိနေသော မော်ကွန်းရပ်။ ကျွန်တော် ခပ်ငယ်ငယ်က.. အလည်ရောက်တိုင်း.. ထို အုတ်တံတိုင်းတွေပေါ်မှာ တက်ဆော့ရသည်ကို သဘောအကျဆုံး။
အိမ်မှာ တစ်ဦးတည်းသော သား ကျွန်တော်က.. ဝမ်းကွဲ ညီအစ်ကိုတွေရှိသော ထိုအရပ်မှာ ပျော်သည်။ သွားတိုင်းလည်း... အကြာကြီးနေတတ်သည်။ ယခုတစ်ခေါက်တော့... မေမေပါ ကျွန်တော်နှင့်အတူ.. တစ်လလောက် နေမည်တဲ့လေ။
ပျော်ပျော်ရွှင်ရွှင်နှင့်. အဝတ်အစားတွေ ထုပ်ပိုးနေသော.. ကျွန်တော့်အား... မေမေက သတင်းတစ်ခု လာပေးသည်။
" သားရေ... မေမေတို့.. သားဦးလေးတွေကို လာကြိုခိုင်းဖို့မလိုတော့ဘူး... "
" ဟင်.. ဘာလို့လဲ.. ဖေဖေပါ လိုက်မလို့လား "
" မဟုတ်ဘူး.. ဟိုဘက်အိမ်က နုရီတို့ မိသားစုလည်း ပြန်မှာတဲ့လေ "
မေမေကတော့.. ပြောပြီး ထွက်သွားပေမယ့်.. စိတ်အလိုမကျ ဖြစ်သွားရပြန်သည်က ကျွန်တော်။
ဒေါ်နုရီဆိုသည်က.. အလင်္ကါမောင်ရဲ့ မေမေလေ။ အဲ့သည် အရှုပ်ထုပ်ကောင်ရဲ့ ဖေဖေက.. မော်ကွန်းရပ်နဲ့ တစ်ဖက်ကမ်း ...ဇာတိ။ ဘယ်လိုကံကြမ္မာတွေလဲ မသိတော့။ ငယ်ငယ်ကလည်း.. တစ်ခါတရံ အတူတူပြန်ခဲ့ရသည်လည်း.. ရှိခဲ့ပါသည်။ အခုချိန်မှာတော့. အတူမပြန်ချင်။ မကောင်းတဲ့အကောင်က စကားလုံးတွေနှင့် ထိုးနှက်တော့မှာ ကြိုသိနေသောကြောင့်။
YOU ARE READING
ပန်းဘွဲ့အလင်္ကါ (Completed )
Historical Fictionအလင်္ကါမောင်...ဆိုတဲ့ ကောင်က ရာသီအလိုက် ပန်းဘွဲ့တွေ သီကျူးနေတဲ့ ကောင် ... နွေရာသီမှာ တွဲခဲ့တဲ့ ကောင်မလေးတွေ နာမည်က. ကံ့ကော်ဦး.. ပိတောက်ဝါ ငုဝါ..... မိုးရာသီမှာ တွဲခဲ့တဲ့ ကောင်မလေးတွေ နာမည်က. စံပယ်ဖြူ.. ဇွန်လေးငုံ ဟော.. ဆောင်းရာသီမှာ တွဲခဲ့ဖူးတဲ့ သ...