"မယ်နုအုတ်ကျောင်း ကိုရော သွားဦးမလား "
အမည်နာမကို ကြားရုံနှင့်ပင် တွေဝေသွားမိသည်။" သွားဦးမလား ငါတော့ မသွားချင်ဘူး"
"အဲ့တာဆို ဆင်ကျုံးခံတပ်ကိုပဲ သွားရအောင် "
ဧရာဝတီမြစ်ရဲ့ကမ်းဘေး မြစ်ကြောတစ်လျှောက်ကို အပေါ်စီးမှ မြင်ရနိုင်သော နေရာတွင် တည်ထားသော ခံတပ်။ အောက်ခြေတွင် ရေညှိတို့ တွယ်ကပ်လျက် အတော်ပင် အိုဟောင်းနေသော နေရာ။ မြစ်ခြေမှ ကြည့်လျှင် ခံတပ်ကို အဆင့်နှစ်ဆင့်ဖြင့် တည်ထားသည်ကို တွေ့ရသည်။ အကာအရံက မြင့်မားပြီး အတွင်းဘက်တွင် စခန်းချရန် နေရာများ ပါ ထည့်သွင်းထားသည်။
ထိပ်ဆုံး ခံတပ် တံတိုင်းပေါ်တွင် ပေါက်နေလေသော မန်ကျည်းပင်အောက်တွင် ထိုင်ကာ မြစ်ပြင်ကျယ်ကို ငေးကြည့်မိသည်။
တဖြူးဖြူးတိုက်ခတ်နေသော လေပြည်တို့ကြောင့်... ဆံပင်တိုတိုပင် တစ်ချက်တစ်ချက် လှုပ်ခတ်သွားရသည်။ ဟိုးအဝေးက လှမ်းမြင်နေရသော စစ်ကိုင်းတောင် ရယ် စစ်ကိုင်းတံတားရယ်...မြစ်ရေပြင်ထက်ရှိ သွားလာနေသော သမ္မာန်တွေ သင်္ဘောတွေရယ်... သဘာဝရှုခင်းက အကြည့်မလွှဲနိုင်အောင်ပင်။
"ဆပ်... ဘာတွေ တွေးနေတာလဲ "
"ကဗျာ စပ်ကြည့်နေတာ... "
" ဘာ ကဗျာလဲ ရွတ်ပြကြည့် "
'မြစ်ကမ်းဘေးတည်
ဝရွှေပြည်ဟောင်း
ခါလီပြောင်းငြား
စိတ်အားစွဲထင်
ရှုကာမြင်တိုင်း
ရှေးစဥ်မပျက်
နန်းငွေ့သက်တို့
ထင်လျက်သာမြဲ ရှိနေဆဲပင်......'" ဆပ်... "
" ဟင် "
" ငါ မင်းရေးတဲ့ ကဗျာကို ဒီနေရာမှာပဲ အရင်က နားထောင်ဖူးသလိုပဲ "
" မဖြစ်နိုင်ပါဘူးကွာ ငါ တစ်ခါမှ မင်းကို ကဗျာ ရေးမပေးဖူး.... "
ရေးမပေးဖူးပါဘူးလို့ အသိစိတ်က. ငြင်းလိုက်မည် ပြင်ပေမယ့် မသိစိတ် တစ်နေရာမှာတော့ ရေးပေးဖူးသလို ထင်နေမိသည်။
" မင်း အကြော်စားမလား ဟိုမယ် အကြော်ဆိုင် ဖွင့်နေပြီ "
" တော်ပြီ အေးအေးဆေးဆေးပဲ ထိုင်ချင်တယ် "
YOU ARE READING
ပန်းဘွဲ့အလင်္ကါ (Completed )
Historical Fictionအလင်္ကါမောင်...ဆိုတဲ့ ကောင်က ရာသီအလိုက် ပန်းဘွဲ့တွေ သီကျူးနေတဲ့ ကောင် ... နွေရာသီမှာ တွဲခဲ့တဲ့ ကောင်မလေးတွေ နာမည်က. ကံ့ကော်ဦး.. ပိတောက်ဝါ ငုဝါ..... မိုးရာသီမှာ တွဲခဲ့တဲ့ ကောင်မလေးတွေ နာမည်က. စံပယ်ဖြူ.. ဇွန်လေးငုံ ဟော.. ဆောင်းရာသီမှာ တွဲခဲ့ဖူးတဲ့ သ...