ရပ်ကွက်ထဲ တစ်နေရာမှ လွင့်ပျံလာသော တူးပို့ တူးပို့ သီချင်းသံက ငြိမ်သက်နေသော စိတ်နှလုံးကို လှုပ်နိုးပေးလာသည်။ ရောဂါကပ်ဆိုးကြောင့် မဆင်နွှဲရသော အခါပွဲတော်ရောက်ပြီဖြစ်ကြောင်း တမင်သတိပေးနေသလိုလို။ ကျုံးနံဘေး လမ်းမထက် လှပကျော့ရှင်းစွာ လှည့်လည်တတ်သော မြို့မငွေငန်းနှင့် အကြိုရက်မှာ မြိုင်ဆိုင်စွာ ကပြဖျော်ဖြေတတ်သော ရွှေခြေချင်းနှင့် မန်းသူတွေကို မှန်းဆမိလာသည်။
ခြံထဲရှိ ပိတောက်ပင်ပေါက်မှလည်း ပိတောက်ပန်းတို့ ဝေဆာစွာ ပွင့်ဖူးလာချေပြီ။
အိမ်အတွင်းထဲမှာပဲ တစ်နေကုန်ခိုအောင်းနေရင်း တစ်ရက်ပြီးတစ်ရက် ဖြတ်သန်းနေရချိန် ချစ်ရသူနှင့်ကလည်း ဝေးကွာနေရဆဲ။ အားလပ်နေတဲ့ စိတ်အာရုံက အလွမ်းဘက်ဆီသို့သာ အမြဲဦးတည်နေတော့သည်။အခန်းထဲမှာ နေရသည်ကို ငြီးငွေ့လာတော့ အောက်ထပ်ရှိ ဧည့်ခန်းဆီဆင်းလာခဲ့သည်။ တီဗွီမှာတော့ သင်္ကြန်နှင့်ပတ်သက်သည့် ဇာတ်လမ်းတွေ ထုတ်လွှင့်ပြသနေသည်။ နေကြာစေ့တွေ ခွာစားရင်း ဇာတ်လမ်းကြည့်နေသော မားက သူ့ခြေသံကြောင့် လှည့်ကြည့်လာသည်။
" သား ဗိုက်ဆာလို့လား "
" မဟုတ်ပါဘူး အခန်းထဲနေရတာ ပျင်းလာလို့ "
" သြော်... ဒါနဲ့ သားအတွက် စာရောက်နေတယ် "
မားလက်ထဲက ဝါကျင့်ကျင့် စာအိတ်ကလေးကို ဆွဲယူကာ အပေါ်ထပ်ဆီ ပြန်ပြေးတက်ခဲ့သည်။ ကော်ကပ်ထားသည့် အရာအတိုင်း မစုတ်ပြဲစေရန် အသာလေးခွာကာ အထဲက စာရွက်ခေါက်လေးကို ထုတ်ယူလိုက်သည်။ စာရွက်ကို ဖြန့်ကာ ဖတ်လိုက်တော့ အထဲမှာက ပိတောက်ခက်လေးတစ်ခက်... ခြောက်သွေ့နေပြီဖြစ်သော ပိတောက်ခက်
"
သို့....အလင်္ကါရေ.... ငါ မင်းကို လွမ်းတယ်
မင်းဆီကို စာရေးမယ်လို့ စဥ်းစားမိပြီး ချရေးလိုက်တိုင်း... လွမ်းတယ်ဆိုတာကိုပဲ ပထမဆုံး ပြောချင်နေတယ်အိမ်ထဲမှာပဲနေနေရတာ ငြီးငွေ့နေပြီလား.. ဘာလိုလိုနဲ့ သင်္ကြန်တောင် ရောက်တော့မယ်နော်... ဆေးရုံအဝင်ဝက ပိတောက်ပင်လည်း အပွင့်ဝါတွေဝေလို့...
ပိတောက်တစ်ခက် မင်းအတွက် ထည့်ပေးလိုက်တယ်
ငါတို့ ခပ်ငယ်ငယ်က ကလေးတွေ ရေရွတ်ကြတဲ့ စာသားလေးမှတ်မိလား...
YOU ARE READING
ပန်းဘွဲ့အလင်္ကါ (Completed )
Historical Fictionအလင်္ကါမောင်...ဆိုတဲ့ ကောင်က ရာသီအလိုက် ပန်းဘွဲ့တွေ သီကျူးနေတဲ့ ကောင် ... နွေရာသီမှာ တွဲခဲ့တဲ့ ကောင်မလေးတွေ နာမည်က. ကံ့ကော်ဦး.. ပိတောက်ဝါ ငုဝါ..... မိုးရာသီမှာ တွဲခဲ့တဲ့ ကောင်မလေးတွေ နာမည်က. စံပယ်ဖြူ.. ဇွန်လေးငုံ ဟော.. ဆောင်းရာသီမှာ တွဲခဲ့ဖူးတဲ့ သ...