12🌼U&Z

817 73 2
                                    

မြောက်ပြန်လေညင်း သဲ့သဲ့လေး တိုက်ခတ်ရုံနှင့်ပင် ပင်ယံထက်မှ ဧကရာဇ်ပန်းတို့က တဖြုတ်ဖြုတ် ကြွေကျလာသည်။  ရနံ့တို့က သင်းထုံနေသလို  မြေလွှာထက်ဝယ် ကမ္ဗလာခင်းထားသည့်နှယ် ဖွေးဖွေးလှုပ်လို့...

ကိုရင်ငကျိုင်း ရောက်မလာသေးခင်  ပန်းကြွေတို့ကို ကောက်ယူကာ ပန်းကုံးတစ်ခုကို  သီကျစ် နေလိုက်သည်။ အချိန်ခဏနှင့်ပင်  ကျစ်ဆံလှလှလေးဖြင့် ပန်းကုံးတစ်ခု ရရှိလာသည်။ ဧကရာဇ်ပန်းကုံးလေးကို  ကြည့်ရင်း   ငယ်ထွေးရဲ့ ယောင်ထုံးထက် ပန်ထားသည်ကို မြင်ယောင်ကြည့်မိသည်။

ယောကျ်ားပျိုတစ်ယောက်ကို ပန်းပေးလျှင်  စိတ်ခုသွားချေမလား ။ တကယ်တော့လည်း ပန်းကုံးထက်  ဧကရာဇ်ပန်း တစ်ပွင့်တည်း ဆင်မြန်းထားသည်က ကြည့်ရပိုလှသည်။

" ကိုရင်မင်းထင်  ပန်းကုံးကြီးကိုင်ပြီး  ဘာတွေ စိတ်ကူးယဥ်နေသလဲ ဗျ ဟမ်...    "

"ရောက်လာပြီပဲ  ကိုရင်ငကျိုင်း ရဲ့   ဘယ်သွားဖို့ ခေါ်ရပြန်တာတုန်း   "

" မယ်နှင်းဥတို့ ​ရေခပ်ဆင်းချိန်  သွားကြည့်မလို့ပါဗျာ  "

" အခြေအနေတွေ တိုးတက်လာတယ် ဆိုပါတော့  "

" အဲ့လောက်ထိလည်း မဟုတ်သေးပါဘူး ကိုရင်ရာ..  စကားပြောဆိုခွင့် ရရုံပါပဲ "

" ကဲပါ.. လာ သွားကြစို့  "

​လုံမေတို့ ရေခပ်ဆင်းရာ မြစ်ဆိပ်ဆီသို့ ဦးတည်လာခဲ့ကြသည်။ မြင်းလှည်း နွားလှည်းများဖြင့် ရေစည်တိုက် လာကြသူများလည်းရှိသည်။ သူတို့နှစ်ယောက်ကဲ့သို့  မိန်းမပျိုတို့အား  လာ ဝဲသည့် ရွှေစွန်ညို ကာလသားတို့ကလည်း အများသားပင်။

ရွှေစွန်ညို  ဘာလိုလို လို့ ဝဲပါတယ်... မထွေးလိုလို့ ဝဲပါတယ်    ....

အင်းးး.. သူ ဝဲ ချင်သည့် ငယ်ထွေးလေးကတော့ သည်နေရာမှာ ရှိမနေ ။ အရင်တစ်ခါကတည်းက သူ့ ကို မတွေ့ရလေအောင် ရှောင်ဖယ်နေသည်။

ရေအိုးကိုယ်စီ ရွက်ကာ လျှောက်လာလေသော မယ်နှင်းဥတို့ လုံမပျိုတစ်သိုက်ကြောင့် အတွေးစ ကို ဖြတ်လိုက်ရသည်။

ပန်းဘွဲ့အလင်္ကါ (Completed  )Where stories live. Discover now