15🌼U&Z

800 67 0
                                    

နတ်ဘုံနတ်နန်းအလား ထင်မှတ်မှားရလောက်သော  ရေမြေ့သခင်စံမြန်းရာ ရွှေ နန်းတော်ကြီးဝယ်  မောင်းမမိဿံတို့ ရယ်ရွှင်မြူးကာ သွားလာနေကြသလို..  တာဝန်ကိုယ်စီဖြင့် အမှုထမ်းအရာထမ်း များလည်း  ဝင်ထွက်နေကာ  သက်ဝင်လှုပ်ရှားနေတော့သည်။ 

သူ့တာဝန်ကတော့  အထူးအထွေမရှိချေ။ ဘုရင်မင်းမြတ်အတွက် စာတော်ဖတ်ပေးရသလို  ပွဲသဘင်ကျင်းပသော အခါမျိုးတွင်  ကဗျာလင်္ကါများ ရေးစပ်ပေးရတတ်သည်။ စိတ်ကူးဉာဏ်ကွန့်မြူးချိန်တွင်မှာတော့ တစ်ကိုယ်တည်း  ကဗျာတွေ သီကုံးနေတတ်ပြန်သည်။

'တောတောင်မြူဆိုင်း၊ တိမ်ယံမှိုင်းရီ
ငွေနှိုင်းနှင်းစက်၊ဝဠာထက်မှ
သက်လျက်ကျဆင်း ၊ လူ့ဘုံတွင်းသို့
ကင်းကွာဖော်ဝေး၊ စေကာကျေးငယ်လွမ်းတေးသီကာ ကျူးတော့မည်
'

ငွေနှင်းမှုန်များကြားမှ မင်းနေပြည်တော် သည်ကား..... ပျော်မွေ့ဖွယ်နေရာတစ်ခုဖြစ်ပေမယ့်  အထီးကျန်သော ခံစားမှုကိုတော့ မဖယ်ရှားနိုင်ခဲ့ ။ တာဝန်ကိုသာ ကျေအောင် ခစားရင်း  တစ်နေ့ပြီးတစ်နေ့ ဖြတ်ကျော်လာခဲ့ရသည်။

" ရဝေထွေး ရေ...    "

" သြော်... နေမျိုးသီဟ ပါလား     "

" ဘာတွေများတွေးပြီး ဆွေးနေရသလဲ ဗျ.. ဟမ် ကျုပ် အနားရောက်လာတာတောင် မသိရတဲ့အထိ   "
.
" ဘာရယ်မဟုတ်ပါဘူးဗျာ ရာသီအပြောင်းလဲ မှာ သဘာဝလောကကြီးရဲ့ အလှတရားကြောင့် နစ်မြောသွားရုံပါပဲ  "

" မသိပါဘူးဗျာ... ဇာတိမှာကျန်ရစ်ခဲ့တဲ့  ကြင်သူကိုများ လွမ်းနေသလားပေါ့      "

" ဟ...ဟ... အဲ့သလို မရှိပါဘူးဗျာ    "

နန်းတော် အဝင် လမ်းခုလတ်တစ်နေရာမှာ ရပ်ကာ စကားပြောဆိုနေကြစဥ်   မြင်းခွာသံဆူဆူညံညံကြောင့်   လှည့်ကြည့်မိကြသည်။ အခြားလမ်းတစ်ဖက်မှ  ဖြတ်သန်းသွားလေသော မြင်းစီးသူအချို့ ။ အဆောင်အယောင် ထည်ထည်ဝါဝါနှင့် ဆောင့်ကြွားကြွား ထိုလူတစ်စုမှာ အခြားမဟုတ်။ ဘုရင်မင်းမြတ်၏အသည်းညှာ မိဖုရားကြီး  မယ်နု၏ မောင်တော် မြို့စားနှင့် နောက်လိုက်နောက်ပါများပင်။

ပန်းဘွဲ့အလင်္ကါ (Completed  )Where stories live. Discover now