36🌼U&Z

569 44 0
                                    

တစ်နှစ်.... တစ်နှစ်နီးပါး ရှိခဲ့ပြီ။ ကိုဗစ် ပထမလှိုင်းအပြီး  ဆပ် ရှိရာဆီ သူလိုက်သွားခဲ့သည်ကို ထည့်မတွက်ပါလျှင်  ဆပ် နှင့်သူ အနေဝေးနေခဲ့ရသည်မှာ  တစ်နှစ်နီးပါး။ ဘာ့ကြောင့်ရယ် မသိပေမယ့်  ဆပ် ဟာ သူ့ဆီကို  စာနဲ့သာပို့ပြီး ဆက်သွယ်နေမြဲ ။ အသံမကြားရ ရုပ်မမြင်ရပေမယ့်.... ဆပ်ရဲ့ လက်ရေးလှလှလေးတွေနဲ့  စာတွေဟာ  သူ့အလွမ်းတွေကို နှစ်သိမ့်ပေးနိုင်ခဲ့သည်။

ဆောင်းအဝင် နှင်းမြူကျစအချိန်မှာပဲ  ဆပ် ရဲ့စာတစ်စောင် ရောက်လာပြန်သည်။ တစ်လ တစ်စောင် မဟုတ်ပေမယ့်  သူ့ရဲ့ ယွန်းသေတ္တာထဲမှာတော့  လာသမျှ စာတွေကို သိမ်းထားခဲ့သည်။

" သို့....

အလင်္ကါရေ..... ငါ မင်းကို လွမ်းတယ်....

စာပို့တိုင်း ပထမဆုံး မင်းဖတ်ရတာက လွမ်းတယ်ဆိုတဲ့ စာသားဖြစ်နေလို့ ငြီးငွေ့နေပြီလား ။ ငါကတော့ .. လွမ်းတဲ့အကြောင်းကိုပဲ ပထမဆုံး ပြောလိုက်ချင်တာ...ဘယ်လိုလုပ်မလဲ။

အလင်္ကါ... ဟောသည်မြို့ငယ်လေးမှာတော့ ဧကရာဇ် ပန်းတွေ ပွင့်နေပြီ။ လမ်းနံဘေးမှာ ကြွေကျနေပြီး ကောက်ယူမယ့်သူမရှိတဲ့ ပန်းတွေ။ မနက်စောစော လမ်းလျှောက်ဖြစ်တဲ့အခါတိုင်း ဧကရာဇ်ပင်အောက်မှာ ခဏလောက်တော့ ဝင်ထိုင်ဖြစ်တယ် အလင်္ကါ... ။ ရေမြေကွာသွားတာကြောင့်များလား မသိဘူး ။ သည်က ပန်းရနံ့က မန်းမြေမှာ ပွင့်တဲ့ ပန်းတွေလောက် ရနံ့မမွှေးသလို ခံစားရတယ် ။

ငါ့စိတ်ထင်တာပဲ ဖြစ်မှာပါလေ... ဧကရာဇ် ပန်းရဲ့ ရနံ့ဟာ ဘယ်နေရာ မှာပဲ ဖြစ်ဖြစ် အတူတူပါပဲ ။ တစ်ခုပဲ.. မင်းပေးတဲ့ ဧကရာဇ် ပန်း မဟုတ်တာ။

အပြင်ထွက်ရင်လည်း ဂရုစိုက်ပါ အလင်္ကါ.... ။ ရောဂါက ပေါ့ဆစရာမဟုတ်တာ မင်းလည်း အသိပဲ ။ ဒါပေမယ့်.. လူတွေကတော့ ပေါ့ပေါ့လေးပဲ တွေးနေကြတယ် ။ ကြောက်စရာ စိုးရိမ်စရာလို့ မမြင်ကြတော့ဘဲ .... စည်းကမ်းမရှိ သွားလာနေကြပြီ။ တကယ်က အဖွဲ့အစည်းတွေ ညီညီညွတ်ညွတ်နဲ့ ထိန်းချုပ်ကာကွယ်နိုင်မှု ကောင်းလို့ ဆိုတာ မတွေးမိကြဘူး ။

မနေ့ကပဲ မဲဆွယ်စည်းရုံးတယ်ဆိုပြီး တစ်မြို့လုံးပတ်နေလိုက်ကြတာ ။ ကားတွေ ဆိုင်ကယ်တွေ တဝီဝီနဲ့..သီချင်းသံတွေက မြိုင်လို့ ။ ဘယ်ပါတီ ဘယ်သူပဲ ဖြစ်ဖြစ်... ငါတို့ ကျန်းမာရေးက လူတွေကတော့ ဆဲတော့တာပါပဲ။ သည်လောက် ကြိုးစားပမ်းစား ကာကွယ် ကုသပေးခဲ့ရတဲ့ ရောဂါဆိုးကို သင်းတို့က ပမာမခန့်လုပ်လွန်းကြတယ်။

ပန်းဘွဲ့အလင်္ကါ (Completed  )Where stories live. Discover now