' ကမ်းကုန်အောင်အေးတာမို့၊ မန်းတုန်အောင် လမ်းဆုံကဟစ်ချင်တော့... ' ဆိုပြီး ဆရာဖေရေးခဲ့သည်မှာ... ကဗျာဖြစ်ရုံသက်သက်တော့မဟုတ် ။ အမှန်တကယ်ကိုပင် ချမ်းအေးလွန်းလှပါသည့် မန္တလေးဆောင်းပေ။ ဝေလီဝေလင်းအချိန်ဆို မြူတွေဆိုင်းကာ လမ်းမကြီးတွေကိုပင် ရှင်းရှင်းလင်းလင်းမမြင်ရ။ စိမ့်ပြီးအေးတဲ့ မန္တလေးဆောင်း။ သည်လိုရာသီတွင် ကျုံးဘေးတစ်လျှောက် လမ်းလျှောက်သူ အားကစားလုပ်သူတွေမှာလည်း အများသား။
ငပျင်းကောင် သူ့အဖို့တော့ စိမ့်စိမ့်အေးလေ ကွေးကွေးပြီးစောင်ပုံထဲ နှပ်ချင်လေပါပဲ။ သို့သော်ငြား ဒီဇင်ဘာလအားကစားရာသီလည်း ဖြစ်သမို့ ကျောင်းကစေလွှတ်သော ဆေးဘက်ဆိုင်ရာကျောင်းပေါင်းစုံဘောလုံးကန်ပွဲအတွက် လေ့ကျင့်ရေးဆင်းရတော့သည်။
ဗထူးကွင်းပြင်ကျယ်ကြီးထဲမှာ နှင်းမြူသဲ့သဲ့ကျဆင်းနေချိန် ချွေးပျံအောင် လေ့ကျင့်နေရသည်မှာ မဟန်။ ဝင်မပါချင်ပေမယ့် ယောကျ်ားလေးနည်းပါးသော တက္ကသိုလ်ဖြစ်လေတော့ မဖြစ်မနေ ဝင်ကစားရနေရခြင်း။
ဆေးတက္ကသိုလ် နဲ့ သူနာပြု နှစ်ကျောင်းပေါင်းပြီးမှ တစ်သင်းဖွဲ့မည်ဖြစ်ရာ သူကတော့ အရံကစားသမားသာ လုပ်ရုံပင်။ တကယ့်ကို ဘောကြိုက်မောင်တို့ကတော့ တိုက်စစ်မှူးတွေပေါ့ ။ ဘောလုံးကြိုက်တဲ့ အလင်္ကါမောင် ဆိုတဲ့ ကောင်လေ။
ချွေးတရွှဲရွှဲ ကစားပြလိုက် ကောင်မလေးတွေက ရေဘူးလာကမ်းလိုက် အချိုရည်လာပေးလိုက် ၊ မောင့်ပိုင်ရှင် မမချောက ချွေးသုတ်ပေးရင်း မဏ္ဍပ်တိုင်တက်ပြလိုက် ။ အင်းးးး... သူ့ဟာနဲ့သူတော့ ဟုတ်နေရော ။
" ကိုဆပ်...ဟေ့ရောင် လာကွာ အအေးသွားဝယ်ရအောင် "
" စောစောစီးစီး ရင်ကြပ်ကုန်မယ်ဟ ရိုးရိုးရေပဲ ဝယ်ရအောင်ပါ "
" အေး အေး "
နှစ်ယောက်သား လမ်း၃၀ပေါ်တက်ကာ စတိုးဆိုင်တစ်ခုမှာ ရေဘူးဝင်ဝယ်ပြီး ကွင်းထဲပြန်ဝင်ခဲ့ကြသည်။ ရေဘူးအပိတ်ကို ဖွင့်ကာ မော့သောက်ဖို့ လက်မြှောက်စဥ်မှာပဲ ဆွဲလုသွားသော လက်တစ်ဖက် ကြောင့် စိတ်တိုတိုနဲ့ ကြည့်လိုက်မိသည်။
ESTÁS LEYENDO
ပန်းဘွဲ့အလင်္ကါ (Completed )
Ficción históricaအလင်္ကါမောင်...ဆိုတဲ့ ကောင်က ရာသီအလိုက် ပန်းဘွဲ့တွေ သီကျူးနေတဲ့ ကောင် ... နွေရာသီမှာ တွဲခဲ့တဲ့ ကောင်မလေးတွေ နာမည်က. ကံ့ကော်ဦး.. ပိတောက်ဝါ ငုဝါ..... မိုးရာသီမှာ တွဲခဲ့တဲ့ ကောင်မလေးတွေ နာမည်က. စံပယ်ဖြူ.. ဇွန်လေးငုံ ဟော.. ဆောင်းရာသီမှာ တွဲခဲ့ဖူးတဲ့ သ...