23🌼U&Z

745 72 0
                                    

ဒေါက်..ဒေါက်..ဒေါက်

ပိတ်ရက်မနက်ခင်း စောစောစီးစီး ကြားလိုက်ရသည့် တံခါးခေါက်သံကြောင့်  အိပ်ချင်မူးတူး လူးလဲထကာ တံခါးဖွင့်လိုက်တော့  မေမေရယ်  မေမေ့အနောက်မှာက စာအုပ်တွေပိုက်ထားသည့် အလင်္ကါမောင် ။

" သားဆပ်  ခုထိ မထသေးဘူးပေါ့  ၈နာရီထိုးနေပြီ   ဒီမှာ  သူများတွေကဖြင့် စာအတူလုပ်မယ်ဆိုပြီးလာနေပြီ  "

မေမေ့အနောက်ကနေပြီး မျက်စိမှိတ်ပြလိုက်သည့် သူကြောင့် ရယ်ချင်စိတ်ကို ထိန်းကာ

" အင်း အင်း  လာ ဝင်ခဲ့     "

" မနက်စာအတွက် နန်းကြီးသုပ် ပြင်ထားတယ်   မျက်နှာသစ်ပြီးရင် အောက်ဆင်းခဲ့ကြ  သား အလင်္ကါအတွက်ပါ ပြင်ထားတယ်နော် "

" ဟုတ်ကဲ့ အန်တီ   "

မေမေထွက်သွားပြီး တံခါးသေချာပိတ်ကာ  ပြုံးစိစိလုပ်နေသည့်ကောင်ကို မျက်စောင်းထိုးကြည့်ရင်း

" မင်းက ဘာရယ်နေတာတုန်း  စောစောစီးစီး အိမ်ရောက်လာတယ် "

" ဆပ်   မင်းရဲ့အခုပုံစံကလေ  ခွေးစုတ်ဖွားလေးနဲ့ တူနေတယ် သိလား  အသည်းယားစရာလေး  "

ပြောရင်းဆိုရင်း လက်နှစ်ဖက်က ပါးဆီရောက်လာကာ ဆွဲလိမ်နေတော့  တွန်းဖယ်ရင်း

" နာတယ်.. မလုပ်နဲ့

ငါမျက်နှာသစ်ဦးမယ် ခဏစောင့် "

ဘေစင်ရှေ့က မှန်ကို ကြည့်မိတော့မှ ခွေးစုတ်ဖွားလို့ ပြောရသည့်အကြောင်းရင်းကို သိလိုက်တော့သည်။ အိပ်ရာထစ ဆံပင်တွေက ဖွာလန်ကြဲလို့ ။ ခပ်မြန်မြန် သွားတိုက် မျက်နှာသစ်ပြီး ပြန်ထွက်လာတော့ စာအုပ်စင်ဘေးမှာရပ်ရင်း စာအုပ်တွေ ယူကြည့်နေသည့် အလင်္ကါ့ကို တွေ့လိုက်သည်။
လက်ထဲက ကိုင်ထားသည့်စာအုပ်ကို မြင်တော့  အသည်းအသန် သွားလုလိုက်ပေမယ့်  ခပ်တိုးတိုးရယ်နေသည့် အလင်္ကါက

" မင်း သိမ်းထားခဲ့တာ အဲ့စာအုပ် တစ်အုပ်တည်းမှာမှ မဟုတ်တာ  ဒီမှာလေ  နောက်ထပ် စာအုပ်တွေ ရှိသေးတယ်  "

ရက်စွဲတွေရေးမှတ်ထားသည့် ဆပ်သွားဖူးဖက်ရွက်တွေကို မြင်သွားပြီ။ မျက်နှာကိုက တကယ်အချိုးမပြေဘူး ။ လူကို ​လှောင်ရယ်နေသလိုလိုပင် ။

ပန်းဘွဲ့အလင်္ကါ (Completed  )Where stories live. Discover now