ပြိုင်ပွဲရက်နီးလာတော့ အလင်္ကါမောင်မှာ သူ့အနားကကို မခွာတော့ ။ ဝင်ပြိုင်မည့်သူထက်ပင် ပိုပြီး စိတ်လှုပ်ရှားနေသည်။
" ဆပ် အရမ်းကြီး stress မများနဲ့နော် ဆုရရ မရရ ဘာမှစိတ်ထဲထားမနေနဲ့ "
" အေးပါ မင်း ဒါကိုပဲ ခဏ ခဏပြောနေတာ နားငြီးလာပြီ "
" ငါက မင်း စိတ်ဓာတ်ကျမှာ စိုးရိမ်လို့ "
ကုတင်ပေါ်မှာ ငုတ်တုတ်ထိုင်ရင်း စိုးရိမ်ပူပန်နေသူ အနား သွားထိုင်ကာ
" သိပါတယ် ငါလည်း အရမ်းကြီး မျှော်လင့်မထားပါဘူး ဝါသနာအရပဲ "
သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်ပြီးတော့ သူ့ပေါင်ပေါ် ခေါင်းတင်ကာ လှဲအိပ်လာပြန်သည်။ ထူထဲနက်မှောင်နေသော မျက်ခုံးတို့အပေါ် လက်ညှိုးလေးနဲ့ ခပ်ဖွဖွ ပွတ်ဆွဲနေတော့ ထိုလက်ကို လှမ်းပြီးဆုပ်ကိုင်လာသည်။ အလင်္ကါ က သူ့ထက် ခန္ဓာကိုယ် ပိုထွားလေတော့ လက်ချောင်းတွေကအစ. သူ့လက်ထက် ပိုပြီး ကြီးမားနေသည်။
" ဆပ် ကဗျာရွတ်ပြဦး "
" ငါ လေ့ကျင့်ရမယ့် ကဗျာတွေ အကုန် ရွတ်ပြဖူးပြီလေ နှစ်ခါ သုံးခါတောင် "
" အဲ့တာဆိုလည်း အခြားကဗျာ တစ်ခုခုပေါ့ ငါ အမြဲတမ်း မင်း ကဗျာရွတ်ပြတာကိုပဲ နားထောင်ချင်ခဲ့တာ "
ချွန်မြမြ နှာတံထိပ်ဖျားကို အသာဆွဲညှစ်ကာ မေးလိုက်မိသည်။
" အခုထိ အရင်ကအကြောင်းတွေ တွေးနေတုန်းပဲလား ဟမ် "
" အတိတ်က အတိတ်ပဲဆိုပေမယ့် အဲ့ဒီအတိတ်က ငါတို့ဖြတ်သန်းခဲ့ရတဲ့ အရာတစ်ခုပဲလေ ဘယ်မေ့ပျောက်နိုင်ပါ့မလဲ "
" မေ့ဖျောက်ပစ်ဖို့မဟုတ်ပါဘူး ဒါပေမယ့် မကောင်းတဲ့ အရာတွေကိုတော့ မေ့ပစ်နိုင်ရမယ် လျစ်လျူရှု ထားနိုင်ရမယ်လေ ပြန်တွေးပြီး တနုံ့နုံ့ခံစားမနေသင့်ဘူး ပြီးတော့ ငါတို့ရဲ့အတိတ်ဘဝက လှပခဲ့တာမှမဟုတ်တာ "
" အဆုံးသတ်မလှခဲ့တာ တစ်ခုတည်းပါ ဆပ်ရယ် ငါ့အတွက်တော့ မင်းနဲ့ဆုံတွေ့ခဲ့ရတာနဲ့တင် ဘဝက လှပနေခဲ့ပါပြီ "
VOCÊ ESTÁ LENDO
ပန်းဘွဲ့အလင်္ကါ (Completed )
Ficção Históricaအလင်္ကါမောင်...ဆိုတဲ့ ကောင်က ရာသီအလိုက် ပန်းဘွဲ့တွေ သီကျူးနေတဲ့ ကောင် ... နွေရာသီမှာ တွဲခဲ့တဲ့ ကောင်မလေးတွေ နာမည်က. ကံ့ကော်ဦး.. ပိတောက်ဝါ ငုဝါ..... မိုးရာသီမှာ တွဲခဲ့တဲ့ ကောင်မလေးတွေ နာမည်က. စံပယ်ဖြူ.. ဇွန်လေးငုံ ဟော.. ဆောင်းရာသီမှာ တွဲခဲ့ဖူးတဲ့ သ...