37🌼U&Z

610 48 2
                                    

🎼🎼🎼.........🎼🎼🎼🎼

စားပွဲပေါ်မှာတင်ထားခဲ့သည့် ဖုန်းက မကိုင်မချင်း တတီတီမြည်နေသဖြင့်  အိပ်ချင်မူးတူးနဲ့ ထကာ ကောက်ကိုင်လိုက်ရသည်။ မှတ်မထားမိသော နံပါတ်တစ်ခု ဖြစ်နေသဖြင့် ဖုန်းကို ကိုင်ကာ ကြည့်နေမိသည်မှာ အကြာကြီး။ တစ်ဖက်က အသံကို ကြားရချိန်မှာတော့.... ထုံထိုင်းနေသော ခေါင်းတွေပင် ချက်ချင်းကြည်လင်သွားရသည်။

" အလင်္ကါ....    "

" ဆပ်...  နောက်ဆုံးတော့ ဖုန်းဆက်လာပြီပေါ့....   "

" နေပါဦး  မင်း အခုမှ နိုးတာလား   "

" ဟီး. ဟီး... ညက ဂိမ်းဆော့ပြီး  နောက်ကျသွားလို့... ဘာဖြစ်လို့လဲဟင်   "

" သတင်းလေး ဘာလေး တစ်ချက်လောက် ကြည့် ကြည့်ပါဦး ကိုအလင်္ကါမောင်ရေ....  ဘာတွေဖြစ်နေသလဲလို့   "

" အခုကြည့်မယ် အခုကြည့်မယ်...  ဖုန်းမချလိုက်နဲ့နော် ဆပ်   "

Fb ဖွင့်လျှင် ဖွင့်ချင်း ပလူပျံနေအောင် တွေ့လိုက်ရသည်က ' အာဏာသိမ်းသည် ' ဆိုသော စကားလုံး ။

" ဆပ်... အခုဖြစ်နေတာတွေက ဘာတွေလဲ "

" မနက်အစောပိုင်းတုန်းက..  အင်တာနက်တွေရော ဖုန်းလိုင်းတွေရော အကုန်လုံးဖြတ်တောက်ခံလိုက်ရတယ်... နေပြည်တော်မှာလည်း  သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အမတ်တွေအကုန်လုံးဖမ်းဆီးခံရပြီး  မင်းအောင်လှိုင်က အာဏာသိမ်းလိုက်ပြီတဲ့လေ... "

" What the fuck. ..  ဘာကြီးလဲကွာ  အခုခေတ် အခုချိန်မှာ အာဏာသိမ်းတယ် ဆိုတာကြီးက ရှိသေးတယ်လား  "

" ရှိသေးလို့ ဟိုမှာ မင်းအဘက သိမ်းသွားပြီ....  ဖုန်းလိုင်းတွေက ဘယ်ချိန် ထပ်အဖြတ်ခံရမလဲ မသိဘူး..  ငါတို့ဆီမှာလည်း  စစ်တပ်က မြို့ထဲမှာ နေရာအနှံ့ဖြန့်ကျက်ထားတယ်.... မင်း သိတဲ့အတိုင်းပဲ  ဒီမြို့က KNU နဲ့ နီး တော့
စစ်တပ်က သုံးခု... မြို့ရဲ့ဝင်ပေါက်တွေအကုန် ပိတ်ထားတယ် အလင်္ကါ....  ငါတို့အခု မြို့အပြင်ဘက် ထွက်လို့မရတော့ဘူး   "

ဆပ်ရဲ့ သတင်းစကားကို ကြားအပြီးမှာ လူက စိုးရိမ်စိတ်တွေ ငယ်ထိပ်အထိတက်လာသည်။

ပန်းဘွဲ့အလင်္ကါ (Completed  )Where stories live. Discover now