Unicode
"ဒေါ်လေး သားလက်မထပ်ပါရစေနဲ့"
မျက်ရည်တွေနဲ့ငိုယိုပြီး ပြောလာတဲ့သားကို ဒေါ်လေးဖြစ်သူက သနားပေမယ့် သူမလည်း မတတ်နိူင်တဲ့ အခြေအနေမို့လို့ပါ ဒေါ်လေးတောင်းပန်ပါတယ်သားးးးး
"သား မဆိုးပါနဲ့ ဒေါ်လေးပြောတဲ့ အတိုင်းနားထောင်ပါ မဟုတ်ရင် သားပါးမား ချွေးတွေနဲ့ရင်းပြီး တည်ဆောက်ထားတဲ့ ကုမ္ပဏီလေး ဒေဝလီခံရတော့မာ သားကအဲ့လိုဖြစ်စေချင်တာလား ဒေါ်လေးလည်း အကောင်းဆုံးကြိုးစားပြီးပေမယ့် အဆင်မပြေခဲ့လို့ အစ်မရှောင်က တာဝန်ယူပေးမယ်ပြောလို့ အဲ့လိုဖြစ်သွားတာ ဒေါ်လေးသားရဲ့ ခံစားချက်ကို နားလည်ပေမယ့် ဒေါ်လေးကို ဒီတစ်ခုတော့ လိုက်လျောပေးပါ သားရယ် ဒေါ်လေးတောင်းပန်ပါတယ်"
ပါးမားတို့ ခက်ခက်ခဲခဲ တည်ဆောက်ထားတဲ့
ကုမ္ပဏီကို ဒေဝလီခံရစေချင်တာလားဆိုလည်း သူကအဲ့လိုဖြစ်ချင်တာမှ မဟုတ်တာ။ငယ်ငယ်ကတည်းက ဒေါ်လေးက သူ့ကိုသားအရင်းတစ်ယောက်လို အလိုလိုက်ပြီး အကြိုက်ဆောင်လာပေးခဲ့တာ သူ့ကြောင့် ဒေါ်လေးပင်ပန်းရတာလည်း များလှပြီဆိုတာ သိပေမယ့် ခက်တာက သူနဲ့လက်ထပ်ရတဲ့သူက မိန်းကလေးမဟုတ်တဲ့အပြင် သူ့လိုမျိုး ယောင်္ကျားရင့်ကြီး
ဒါ့အပြင် သူ့ထက်လည်း အသက်ကြီးသလို ထိုလူမျက်နှာကိုလည်း သူမမြင်ဖူးးးးးး
ငြင်းပြန်ရင်လည်း အနေတော်ထဲက အဆိုးဆုံးဖြစ်သွားတာမို့ သူ့မာဘာလုပ်ရမှန်းတောင် မသိတော့ဘူး။အဆိုးဆုံးက သူလည်းဘာမှမလုပ်တတ်တာမို့ ဒေါ်လေးပြောတဲ့ အတိုင်းကိုသာ လက်ခံဖို့လုပ်လိုက်ရတာ ။
ရိပေါ်ခေါင်းညိတ်လို့ မမြင်နိူင်သေးတဲ့ အနာဂတ်ကို တွေးပူနေချိန်မာ တစ်ဖက်က ရှောင်အိမ်တော်မာလည်း သူ့ထက်ပိုဆိုးတဲ့ အငြင်းစကားတွေနဲ့ သူ့ပါးမားကို ပြန်ပြီးပြောနေသတဲ့။
"ပါး မား သားလည်းတစ်ခွန်းပဲ ပြောမယ်သားလက်မထပ်ဘူး"
"သား မဆိုးနဲ့တော့ ကလေးရဲ့ပါးက ပါးနဲ့ညီအစ်ကိုလိုပေါင်းခဲ့တဲ့ သူငယ်ချင်းအရင်းလို ပါးတို့အခုလို ရပ်တည်နေနိူင်တာကလည်း အရင်က သူ့အထောက်အပံ့နဲ့ သူ့ဆီကအကူအညီ အများကြီးယူခဲ့ရလို့သာ ပါးတို့အခုလိုမျိုး နေထိုင်နိူင်တာလေ သူမရှိတော့တဲ့ နောက်ပိုင်းမာ သူ့ညီမလေးက ဦးဆောင်သွားလို့ ဘာမှမကူညီနိူင်ပေမယ့် အခုလိုမျိုး သူတို့ဒုက္ခရောက်နေတဲ့ အချိန်မာ ပါးတို့က ဒီအတိုင်းမသိသလို နေပေးရမာလား သူတို့ကပါးတို့ရဲ့ ကျေးဇူးရှင်လည်းဟုတ်သလို ပါးရဲ့ညီအစ်ကိုပါ သားကိုလွတ်လပ်ခွင့်ပေးလာခဲ့တာ ဒီတစ်ခုတော့ ပါးကိုပြန်ကူညီမယ် မလား?"