Part-6

4.4K 224 19
                                    

Unicode

  ရှောင်ကျန့်အိမ်ပြန်ရောက်ရောက်ခြင်း ဆိုင်ကယ်ပေါ်က ပြေးဆင်းကာ အိမ်ထဲကို ဝရုန်းသုန်းကားနဲ့ ပြေးလာတာမို့ ရှောင်မားလန့်တောင်လန့်ရသေးးးးးး

"မား သည်းငယ်ရော "

"ဟမ်"

သားရဲ့အခေါ်အဝေါ်ကြောင့် ရှောင်မားအံ့ဩသလို ဖြစ်သွားရတယ်။ ဇီမှတဇီဖြစ်နေတဲ့သားက ဝမ်လေးကို သည်းငယ်လို့ခေါ်တော့ သားဝမ်လေးကို ချစ်နေပြီလား?

ရှောင်ကျန့်ကတော့ သူ့ကိုအထူးအဆန်း ကြည့်နေတဲ့မားကြောင့် အပေါ်ထပ်ကိုပြေးတက်လာခဲ့သည်။ စိတ်ပူပါတယ်ဆိုမှ တအံ့တဩလုပ်နေတာ....

"သည်းငယ် "

အခန်းတံခါးဖွင့်ကြည့်လိုက်တော့ သည်းငယ်က ကုတင်ပေါ်မာ သိုးလို့အိပ်ပေါ်နေသေး

သည်းငယ်နှဖူးကို စမ်းကြည့်လိုက်တော့ အဖျားမရှိတော့ဘူးဆိုကာမှ သက်ပြင်လေးချကာ အိပ်ပျော်နေသေးတဲ့ သည်းငယ်ရဲ့နဖူးကို အနမ်းသူခိုးလေး လုပ်လိုက်သည်။

သူမအဖြေတောင် မစောင့်ဘဲ အပေါ်ထပ်ကိုပြေးတက်သွားတဲ့ သားဖြစ်သူကြောင့် ရှောင်မား
ပါးစပ်အဟောင်းသားနဲ့ ဖြစ်ရပြန်တယ်။ သားက ဘယ်သူ့ကိုမှအခုလိုမျိုး စိတ်ပူတတ်တာ မဟုတ်။ ဟိုမိန်းကလေးနဲ့တွဲနေတဲ့ နှစ်အတွင်းမာ သားကျန့်အခုလိုမျိုးဖြစ်တာ သူမတွေ့ဖူးသေးဘူး။ နောက်ဆုံးတော့ သူမသားလေး ဝမ်လေးကို ချစ်နေပြီ ပျော်လိုက်တာ ။ ရှောင်
မားရဲ့ အတွေးတွေက အိမ်ရှေ့က ဘဲတီးသံကြောင့် အဆုံးသတ်လိုက်ရတယ်။

အလိုက်ကိုမသိဘူး သူများပျော်နေချိန်မာ ဘဲလာနှိပ်ရတယ်လို့ ရှောင်မားကတော့ ဘဲနှိပ်တဲ့သူကို ရင်ထဲမာ ဆဲဆိုရင်း ပြုံးပြုံးလေးနဲ့ တံခါးသွားဖွင့်လိုက်သည်။

"ဘယ်သူလဲ မသိဘူး "

"ဟို ကျွန်တော် သခင်လေးကို လာပို့တဲ့သူပါ သခင်လေးက ကျွန်တော့ကို ပိုက်ဆံမပေးလို့"

ရှောင်မားလည်း ကယ်ရီသမားကို တောင်းပန်ပြီး ပိုက်ဆံပေးလိုက်သည်။

သားကတော့ တကယ်ချစ်တတ်နေပြီပဲ ။

ချစ်တဲ့သူက သားဆိုပေမယ့် ပျော်ပြီးရင်းပျော်နေတာက ရှောင်မားဖြစ်နေသတဲ့..။

U Zhan ( Completed )Where stories live. Discover now