Part :35

1.8K 117 13
                                    

Unicode

   မနေ့က ကျိရန်ရဲ့ နောက်လကျရင် ပြန်လာမယ်ဆိုတာကြောင့် ဟောက်ရွမ်းတစ်ယောက် ပျော်ပြီး
ရင်း ကြည်နူးနေရတယ်။ နောက်ဆုံးတော့ သူအမျှော်လင့်ဆုံး ချစ်ရသူလေးပြန်လာတော့မယ်
ဒီကိစ္စကို သိသိချင်း သူရိပေါ်ဆီ ဖုန်းဆက်ပြီး
တွေ့ရအောင်လို့ ပြောလိုက်တာ။ ဒီနေ့လည်း အလုပ်ကို ပါးပဲသွားလိုက်တယ်။ မှန်ထဲက သူ့ရုပ်ကို ကြည့်ပြီး သူဒီလောက်ချောနေတာ ကျိရန်လည်း သူ့လိုမျိုး စိတ်ရှိပါစေ...သူ့ရဲ့ချော
မော
ခြင်းကို မြင်ပြီး ကျိရန်လည်း သူ့ကိုပြန်ချစ်ပါစေ
ဆိုင်ကိုင်ဦးထုပ်လေးယူကာ ဂိုဒေါင်ထဲမာ ရှိတဲ့ သူ့ရဲ့အပြာရောင် ဆိုင်ကယ်လေးကို မောင်းပြီး ရိပေါ်အိမ်သို့......

"ယောင်္ကျားးးးး"

"အင်း "

"ဘာလို့မျက်နှာလေး စူပုတ်နေတာလဲ ဒီနေ့သားလွမ်းရမာကို "

သည်းငယ်စကားကြောင့် သူ့ခါးကိုဖက်နေတဲ့ သည်းငယ်နဖူးကို သူနမ်းလိုက်သည်

ဒါလေးက သူဒီစကားပြောမာသိလို့ ကြိုပြောနေတာလား?သည်းငယ်စကားအရဆို သူပဲသွားခိုင်းနေသလိုမျိုး ရှောင်ကျန့်အပြုံးရေးရေးလေးဆိုကာ သူ့သည်းငယ်ကို တင်းကြပ်နေအောင် ဖက်ထားလိုက်သည်

ဒီနေ့တစ်နေ့လုံးအတွက်ပါ ယူထားတာ

"ဦးကျန့် သားကိုစိတ်မပူနဲ့နော် သားအရင်တစ်ခါလို မဖြစ်အောင် ဂရုစိုက်မယ်သိလား?"

"အင်း ဖြည်းဖြည်းမောင်းရမာနော် ဖုန်းလည်းမပိတ်ရဘူး ထမင်းလည်းအချိန်မှန်မှန်စားရမယ်
မတည့်တာတွေ လျှောက်မဝယ်စားရဘူး ညကျရင် အိမ်ကိုစောစောပြန်လာခဲ့နော်"

"ဟုတ် ယောင်္ကျား သားချစ်တယ်နော် "

"ဦးကျန့်က ပိုပါတယ်ကွာ ချစ်လွန်းလို့ ခနလေးတောင် မခွဲချင်တာ ဘယ်လိုလုပ်ရမလဲဟမ်"

မပြောပါနဲ့ဒီစကားကို မပြောပါ‌နဲ့ ဒီနေ့တော့ သားအလိုမလိုက်သေးဘူးနော်လို့ ရိပေါ်ရင်ထဲ
ပြောနေလိုက်သည်။ မကြာပါ မျန်မျန်ရဲ့ အစ်ကိုလေး သူငယ်ချင်းလာပြီဆိုတဲ့ စကားကြောင့်
ရိပေါ်ဦးကျန့်ကို နမ်းပြီး ဟောက်ရွှမ်းဆီပြေးသွားလိုက်သည်။

U Zhan ( Completed )Where stories live. Discover now