Part :13

3.5K 200 16
                                    

Unicode

"အားလုံးပဲ မဂ်လာပါ ကျွန်တော်နာမည်က ဝမ်ရိပေါ်က တွေ့ရဝမ်းသာပါတယ်"

"ဟုတ် တွေ့ရတာဝမ်းသာပါတယ် အစ်ကိုလေး"

ဝန်ထမ်းသူဝန်ထမ်းသားများ သနားပါတယ် ၊သူတို့ အစ်ကိုလေးကို ငမ်းချင်နေကြပေမယ့် လစာအဖြတ်ခံရမာလည်း ကြောက်ရတာမို့ ခေါင်းတောင်မမော့ရဲကြ

"ရပြီ သည်းငယ် သွားရအောင်"

သူ့အဖြေတောင် မစောင့်ပဲ သူ့လက်ကိုဆုပ်ကိုင်လာတဲ့ ဦးကျန့်နောက်ကိုပဲ ရိပေါ်လိုက်ရပြန်တယ်

ဦးကျန့်ဟာလေ CEOဆိုတိုင်း အားနာရကောင်းလဲ မသိဘူးးးး

အခန်းထဲရောက်တာနဲ့ တံခါးပိတ်ကာ သူ့ကိုဆိုဖာပေါ်မာ ထိုင်ခိုင်းပြီး Strawberry Milk Tea နဲ့ သရေစာလေး ယူလာပေးတယ်

ဦးကျန့်က သူသရေစာကြိုက်မှန်း ဘယ်လိုသိတာလဲ?

"သည်းငယ် ဒီမာခနထိုင်နော် ဦးကျန့်အလုပ် လုပ်ဦးမယ် သည်းငယ်ပျင်းရင် ဂိမ်းကစားချင်လဲရတယ် အကြာကြီးတော့မရဘူး မျက်စိနာမယ်"

ရိပေါ် ဦးကျန့်ကို ခေါင်းညိတ်ပြကာ သူရှေ့က သရေစာ‌မုန့်လေးကို ယူပြီးဖောက်လိုက်သည်။

ရှောင်ကျန့် ပါးဖောင်းဖောင်းနဲ့ သူ့ရှေ့က အကောင်ပေါက်လေးရဲ့ ကြယ်လီတုန်းလေးကို ထိရုံကပ်လိုက်တော့ လန့်သလိုနဲ့မျက်လုံးလေး ပြူးနေတဲ့သည်းငယ်....ဘာလို့အဲ့လောက်ထိ ချစ်ဖို့ကောင်းနေရတာလဲကွာ

"အားဆေးယူတာ ဦးကျန့်အလုပ် လုပ်ပြီနော်"

ရှောင်ကျန့်တော့ ပြောပြီးလို့ သူ့အလုပ်စားပွဲဆီ ထိုင်ပြီး အလုပ်လုပ်နေပြီဆိုပေမယ့် သ
ရေစာကိုင်ပြီး သတိလက်လွတ်ဖြစ်နေသေးတာ အမောင်ဝမ်ရိပေါ်ပါ

ရှောင်ကျန့်က အလုပ်လုပ်တယ်သာ ပြောတာ သူ့မျက်လုံးတွေကတော့ သူ့သည်းငယ်ဆီ ခနခနကစား‌ပြီး ခပ်ဖြီးဖြီးဖြစ်နေတာမို့ ရှောင်ပါးသာလာမြင်ရင်တော့ သွေးအန်သွားမာ အသေချာ

တော်တော်ကြာမှ သတိပြန်လည်လာတဲ့ ရိပေါ်က သူ့ဦးကျန့်ကို မျက်စောင်းထိုးကာ မုန့်စားပြီး ဂိမ်းဆော့နေလိုက်သည်။
.
ဟောက်ရွှမ်းကတော့ ရိပေါ်ကို နေ့လယ်စာအတူစားဖို့ ရိပေါ်တို့ကုမ္ပဏီကို လာပေမယ့် ရိပေါ်မရှိပဲ ဒေါ်လေးနဲ့ပဲ တွေ့ရတာမို့ သူလည့်ပြန်လာခဲ့သည်။

U Zhan ( Completed )Where stories live. Discover now