Part :25

2.5K 148 10
                                    

Unicode

       ရှောင်မား ဟိုတစ်နေ့က ဇီမားဖုန်းခေါ်လာတာမြင်တယ်။ သူမမအားတာနဲ့ မကိုင်လိုက်ရဘူး၊ ပြန်လည်းမခေါ်ဖြစ်ဘူး ၊အမှန်တိုင်း ဝန်ခံရမယ်ဆို မပတ်သက်ချင်တာလည်း ပါတယ်။
သားတို့က အခုမ ပြေပြလေည်လည် ဖြစ်နေတာမို့ ကြားမာမလိုလားတဲ့ စိတ်ညစ်စရာတွေ ဖြစ်လာမာကိုလည်း သူမမလိုလားးးး

သူများကို လူဆိုးဇာတ်ထဲသွင်းတာမဟုတ်ပေမယ့်
သူ့မ သမီးလုပ်ရပ်နဲ့တင် ဆိုးတာကိုထက် အောက်တန်းကျသွားတာမလား သမီးကဒီလောက်တောင်ဖြစ်နေတာ သူ့မမားရော မဖြစ်နိူင်ဘူးဆိုတာ မသိနိူင်ဘူးလေ

အခုတော့ အိမ်အထိပါ လိုက်လာတယ်မို့ ရှောင်လို့မရတော့တာနဲ့ ပေးဝင်လိုက်တာ

"ညီမရှောင် နေကောင်းတယ်မလား?"

"ကောင်းပါတယ် အစ်မဇီရေ အသက်တွေ ရလာတော့ ဒီလိုပါပဲ "

"ဟုတ်ပါ့နော် ကိုယ်တွေက လူငယ်လိုတော့ ဘယ်လန်းဆန်းတော့မလဲ ဟားဟား"

"လက်ဖက်ရည်ရည် သုံးဆောင်ပါဦး အစ်မဇီ"

"အေးအေး ဒါနဲ့သားကျန့်ရော "

"သားလား သူ့အိမ်မာ "

"သူ့အိမ်....."

"ဟုတ်တယ် အစ်မဇီရေ အိမ်ထောင်တွေရှိလာတာနဲ့ မိဘနဲ့မနေတော့ပဲ အိမ်ခွဲပြီးနေတော့တာပဲ "

"အိမ်ထောင်.....🙄"

"ဟုတ်တယ် အစ်မဇီရေ သားတို့လက်ထပ်တာ တစ်နှစ်ကျော် ၂နှစ်တောင်ပြည့်တော့မာ"

ရှောင်မားစကားကြောင့် သိသိသာသာ မျက်နှာပျက်သွားတဲ့ အစ်မဇီက သူမသမီးလုပ်ရပ်ကြောင့်ကို မသိသေးပုံ ၊ဒီကိုလာတာလည်း
အဲ့တာနဲ့ ပတ်သက်တာထင်တယ်

သားကျန့်က သူမသမီးနဲ့ ချစ်သူရည်းစားတွေ မဟုတ်လား? ဘာလို့ အိမ်ထောင်ပါ ရှိသွားတာလဲ? သူတို့ကရော ဘာလို့မသိရတာလဲ? နောက်ပြီးသူမသမီးကရော ဘယ်သူနဲ့ဖြစ်လို့ အခုလိုဖြစ်နေရတာလဲ? ‌ညီမရှောင် ဘာတွေပြောနေတာလဲဆိုတာ ဇီမားမကြားနိူင်လောက်ထိ သူမဦးနှောက်ထဲမာ အတွေးပါင်းစုံ ဆက်တိုက်လာနေတော့တယ်....။

ရှောင်အိမ်ကနေ ပြန်လာပြီးလို့ အိမ်ရောက်နေတာတောင် အဖြေရှာလို့ မရသေးတဲ့ ဇီမားရယ်ပါ

U Zhan ( Completed )Where stories live. Discover now