Unicode
ကျဲစကားက ဘာအဓိပ္ပါယ်လဲ......?ကျဲနဲ့ဦးကျန့်က ဘာတွေလဲ......?
ရောက်ရောက်ခြင်းပဲ ဇီကသူ့ကို လာဖက်တာကြောင့် ရှောင်ကျန့်လည်း အကြောင်သားးးးး
သူ့ကိုဖက်နေသေးသော ဇီကို သူလွှတ်ချကာ သည်းငယ်နားပြေးသွားရသည်
"သည်းငယ် ဦးကျန့်ဘာမှမသိဘူးနော်"
ရှောင်ကျန့်စကားကိုကြားပြီး ကျစ်ရှဇီကောက်ကျစ်စွာ ပြုံးနေလိုက်၏
"သည်းငယ် " ရိပေါ်လက်ကို လာဆုပ်ကိုင်တဲ့ ဦးကျန့်ကိုကြည့်ပြီး နာကျရပေမယ့် ဦးကျန့်ကို ပြုံးပြလိုက်သည်
"ကျဲ ထမင်းမစားရသေးဘူးဆို မီးဖိုချောင်မာ မျန်မျန်ချက်ထားတာလေး ရှိသေးတယ် ယူစားပါ"
"အော် ရိပေါ်ပါ ရှိနေတာလား စောနက ကျဲမမြင်မိဘူး အကျင့်ပါနေလို့ သွေ့ပုချီပါနော်"
မမြင်ဘူးတဲ့လား တမင်သက်သက် လုပ်နေတာကို မသိတာများလို့ ငါရိပေါ်ကို ဒါမျိုးလာမလုပ်စမ်းနဲ့ ကျဲရာ အဟက်
"ဖြစ်တတ်ပါတယ် သားရဲ့ဒေါ်လေးဆိုလည်း အဲ့လိုပဲကွက်ပြီးမြင်တတ်တာ အသက်တွေရလာပြီဆိုတော့လေ....အိမ်တော့ ရောက်ဖူးပြီးသားမလား ဟင်းတော့ရှာတွေ့မာပါ"
ရိပေါ်ပြောပြီးပြီးခြင်း အပေါ်ထပ်ကို တက်လာလိုက်သည်။ကျန်တဲ့ကျဲနဲ့ဦးကျန့်က ဘာတြွေဖစ်တယ်ဆိုတာ သူမသိ....နာကျင်ရတယ် ဦးကျန့်သိလား ဘယ်လောက်ပဲ ဦးကျန့်ဘက်က ရိုးသားတယ်ပြောပြော ဒီမြင်ကွင်းလေး မြင်ရတော့ ခံရခက်တယ်
"ဝမ်ရိပေါ် !!ကို တွေ့လား ရိပေါ်က ငါ့ကိုအသက်ကြီးတယ်လို့ ပြောသွားတယ် ကိုဆုံးမပေးဦး ကိုလို့.."
ရှောင်ကျန့်လက်မောင်းကို လာဖက်ကာ တိုင်နေတဲ့ ဇီကိုရှောင်ကျန့် စိတ်ပျက်သလိုကြည့်လိုက်သည်
"ဇီ ကိုနဲ့ဇီက အခုလိုမျိုးဆက်ဆံရေးမဟုတ်ဘူး ကိုယ်ဇီနဲ့ပေးထားတဲ့ ကတိလည်းတည်ပြီးပြီ အရင်က ဇီအပေါ်အချိန်ဖြုန်းသလိုဖြစ်ခဲ့ရင်လည်း ကိုတောင်းပန်ပါတယ် ၊ကိုယ်မကောင်းတာ ကိုယ့်ခံစားချက်ကို မသိခဲ့လို့ နောက်ပြီးသည်းငယ်ကို ပြောစရာမလိုဘူး၊ ငါ့ကုမ္ပဏီထိလာတာတွေ အခုလိုမျိုးအိမ်အထိ လာတာတွေ ဒီတစ်ခါနောက်ဆုံးဖြစ်ပါစေ အစကသည်းငယ်စိတ်ညစ်နေရမာစိုးလို့ မပြောပဲထားခဲ့တာမို့ အခုသည်းငယ်လည်း သိနေပြီဆိုတော့ နောက်တစ်ခါဆိုတာ ကိုဇီကို ငဲ့ညာပေးမာမဟုတ်တော့ဘူး ဗိုက်ဆာတယ်ဆိုလည်း သွားစားပါ မျန်မျန်ပြန်လာတော့မယ်"