Unicode
ဖက်ထားတာကို မလွှတ်ပဲ တောင်းပန်စကား ဆိုလာတဲ့ ဦးကျန့်ကြောင့် သူအထားခံရမယ့်အစား ဦးကျန့်ကို စိတ်ပူလာတယ်။
"ဦး ဦးကျန့် ကျဲနဲ့ရန်ဖြစ်လာတာလား"
သည်းငယ်စကားကြောင့် ရှောင်ကျန့်ငိုနေလို့ ကျလာတဲ့ မျက်ရည်တောင် ရပ်တန့်လိုက်ပြီး ချက်ချင်းကြီး ခန့်ခြောက်သွားတယ်
"သည်းငယ် "
ဦးကျန့်ပုံစံကို ကြည့်ပြီး ရိပေါ် သူနားလည်တယ်ဆိုတဲ့ သဘောနဲ့ ပြုံးပြလိုက်သည်။ရင်နာလိုက်တာ ပိုချစ်တဲ့သူက ပိုနာကျင်ရတယ်ဆိုတဲ့စကားက အမှန်တရားထင်တယ်
"လာ ထိုင်ဦး ဦးကျန့်"
ရှောင်ကျန့်ကို ခုံပေါ်မာ ထိုင်စေကာ ရေခပ်ပေးလာသော သည်းငယ်ရဲ့ လှုပ်ရှားမှု့တစ်ခုစီတိုင်းကို မျက်တောင်မခတ်တမ်း ကြည့်နေမိတယ်။ သည်းငယ်က သူနဲ့ဇီကိစ္စသိနေတာလား? သည်းငယ်က သူ့ကိုစိတ်မဆိုးဘူးလား? သူ့ကိုနားလည်ပေးတာလား? ရှောင်ကျန့် ခေါင်းထဲမာ မေးခွန်းပေါင်းစွာနဲ့
ဒါပေမယ့် သည်းငယ် ဦးကျန့်ကို မထားခဲ့နဲ့နော် ဦးကျန့်ကို ခနလောက်ထပ်စောင့်ပေး ဇီနဲ့ပေးထားတဲ့ ကတိအတိုင်း တည်ပြီးသွားရင် ကိုယ်သည်းငယ်ကို ချစ်တယ်လို့ ဖွင့်ပြောမာပါ
ရင်ထဲက အချစ်စကားကို မျိုသိပ်ပြီး သည်းငယ် ပေးလာသောရေကို သောက်လိုက်တယ်
ရိပေါ် အဲ့လိုမေးလိုက်တော့ အထင်လွဲတာပါလို့ ဦးကျန့်ရဲ့ဖြေရှင်းချက်ကို ကြားချင်ပေမယ့် ဦးကျန့်က ကျဲနဲ့ပတ်သက်ရင် ဘာမှမပြောလာတာမို့ သူပိုပြီး ဝမ်းနည်းနေရသည်။
ဦးကျန့်ရဲ့ "သည်းငယ်ကို လာကြိုတာ"ဆိုတဲ့ စကားကို သူခေါင်းညိတ်ပြပြီး ဦးကျန့်ရှေ့မာ ထပ်နေရင် ငိုမိမာစိုးလို့ လုပ်စရာရှိသေးတယ်ဆိုပြီး အနောက်ဘက်ကိုပြေးသွားခဲ့တယ်....
ဦးကျန့်က သူ့ကိုဂရုစိုက်ပေးနေတာကို သူတစ်ဖက်သတ် အတွေးလွန်နေတာ သူကအရူးပဲ
"ရိပေါ် ရရဲ့လား "
အစ်ကိုဟိုက်ခွမ်းရဲ့ အသံကိုကြားတာနဲ့ ရိပေါ်မျက်ရည်သုတ်ပြီး အစ်ကို့ကို သူအဆင်ပြေကြောင်း ခေါင်းညိတ်လိုက်သည်။