Part-4

4.4K 265 12
                                    

Unicode

    မနေ့ညကိစ္စကို သူငယ်ချင်းတွေဆီ ပြောပြလိုက်တော့ သူတို့တွေက သူလွန်တယ်လို့ ပြောလာတာမို့ ရှောင်ကျန့်မကြည်ချင်

သူတို့နှစ်ယောက် မလက်ထပ်ခင်ကတည်းက သူနဲ့ဇီက ချစ်သူတွေ‌ဆိုတာ ကောင်လေးလည်း သိနေတာပဲလေ

အဆိုးဆုံးက ချစ်ကြိုက်လို့ ယူထားတာမှ မဟုတ်တာ

ဒါတွေကို သူလည်းသိသလို ကောင်လေးကလည်း လက်ခံနေတာပဲလေ။ ကျိုးချန်နဲ့ယွီဘင်းက ဘာလို့သူလွန်တယ်လို့ ပြောရတာလဲ?

"ကျစ်" စိတ်ရှုပ်လိုက်တာ ...ဒါနဲ့ကောင်လေးရော အခုမားတို့ဆီမာပဲလား သူဖုန်းဆက်သင့်လား? တစ်မျိုးထင်သွားမလား? ပါးရှိတာမို့ ပါးနဲ့ပဲ အတူပြန်လာမာပါ ဟူးးးးးသက်ပြင်းတွေ အကြိမ်ကြိမ်ချကာ အလုပ်ထဲ အာရုံပြန်စိုက်လိုက်သည်။
.
"ရှောင်မား သားတို့သွားပြီနော် "

ဝမ်ပါးနဲ့အတူ သွားမာမို့ ရိပေါ်က မားကိုနှုတ်ဆက်လိုက်တာ

"ဟုတ် မားဆီကို မကြာခနလာနော် သားကျန့်အနိူင်ကျင့်ရင် မားကိုလာပြော ကျန်းမာရေးဂရုစိုက်နော် "

"ဟုတ် "

"မိန်းမ ဒါဆိုကိုယ်တို့သွားပြီ"

"အင်းပါ ဂရုစိုက်သွားပါနော်"

ရိပေါ်နဲ့ဝမ်ပါး ရှောင်မားကို နှုတ်ဆက်ပြီးလို့ ဦးလေးကြီးမောင်းတဲ့ ကားထဲဝင်ပြီး အလုပ်ကိုသွားနေတော့သည်။ ရိပေါ်မနေ့ညက လဲစရာ အင်္ကျီမပါတာမို့ ရှောင်ပါးအင်္ကျီကို ယူဝတ်ဖို့တောင်းရသည်။ ဦးကျန့်အင်္ကျီတော့ သူမဝတ်ရဲ အရင်တစ်ခါ ပါးရိုက်ခံပြီးကတည်းက ဦးကျန့်ပစ္စည်းကို သူမထိရဲ

ရှောင်ပါးတို့ရှောင်မားတို့က ဦးကျန့်ကို အရေးမထား ဗွေမယူနဲ့လို့ ပြောထားပေမယ့် သူစိတ်ထဲ ဝမ်းနည်းတာတွေက ထိန်းမရ

ရှောင်ပါးကို ကုမ္ပဏီပဲ ပို့စေကာ ရှောင်ပါးကို နှုတ်ဆက်ပြီး သူ့ကုမ္ပဏီထဲဝင်လာလိုက်သည်

"ဒေါ်လေး "

"ပြောလေ သား အလုပ်ဆင်းတော့မလို့လား"

"ဟုတ် "

မချင်မရဲနဲ့ သူမကိုမေးစရာ ရှိနေတဲ့ သားကြောင့် ဒေါ်လေးဖြစ်သူပြုံးနေလိုက်သည်

U Zhan ( Completed )Where stories live. Discover now