Unicode
အိပ်မယ်ဆိုတဲ့ သည်းငယ်ကြောင့် ရှောင်ကျန့်က ရင်ခွင်ထဲထည့်ပြီး အိပ်စေလိုက်သည်။ ပင်ပန်းသွားပုံထင်တယ် အိပ်နေတာလေးကို တိုးလို့....သူ့ရင်ခွင်ထဲက အိပ်ပျော်နေသော သည်းငယ်ရဲ့ဆံပင်ကို သူတပ်တင်ပေးရင်း သည်းငယ်ရဲ့နဖူးကို အမြတ်တနိူးနဲ့ နမ်းမိပြန်တယ်....
"ဦးကျန့်တောင်းပန်ပါတယ် ပြီးတော့ ဦးကျန့်ကို ပြန်ပြီးလက်ခံပေးလို့ ကျေးဇူးတင်ပါတယ် အရမ်းလည်း ချစ်တယ် ဦးကျန့်ကတိပေးတယ်နော် ဦးကျန့်အသက်ရှူသံတွေ ရပ်တန့်သွားတဲ့အထိ ဦးကျန့်သည်းငယ်ကို ပိုတိုးသော အချစ်တွေနဲ့ အမြဲချစ်နေမယ်ဆိုတာ ဦးကျန့်ကို ယုံကြည်ပေးနော်"
ရှောင်ကျန့်ကတော့ သူ့သည်းငယ်အိပ်ပြီအထင်နဲ့ တစ်ယောက်တည်းတိုးတိုးလေး စကားပြောနေတာ သူ့ရင်ခွင်ထဲက အပြုံးကိုတော့ မမြင်လိုက်
သားက ပင်ပန်းနေလို့ မလှုပ်ရှားချင်ရုံပါ သားအိပ်မပျော်သေးဘူး သားလည်းဦးကျန့်ကို ချစ်တယ်ဆိုပြီး ရင်ထဲကနေပြောရင်း ဦးကျန့်ရင်ခွင်ထဲကို ပိုတိုးလို့ဝင်ပြီး အိပ်စက်လိုက်သည်။
မလိမ်ပါ ဦးကျန့်နဲ့သာဆို ဘယ်နေရာဖြစ်ဖြစ် ဘယ်အခြေအနေရောက်ရောက် သူလိုက်ဖို့အသင့်ပဲ
ဦးကျန့်ရင်ခွင်ထဲနေပြီး ဦးကျန့်ပေးသော ချစ်ခြင်းမေတ္တာတွေနဲ့ပဲ သူအသက်ရှူ ရှင်သန်နေရတယ်ဆိုတာ ယုံပါ ။(လင်လင်တွေ အမြင်ကပ်လာပြီနော်)🤧🤧
ရှောင်မားတော့ ညစာစားချိန်တောင် ရောက်နေပြီ ဆင်းမလာသေးသော သားတို့ကြောင့် တံခါးခေါက်ပြီး သွားခေါ်ပေမယ့် တုံ့ပြန်သံမကြားတာမို့ တံခါးကို ဖွင့်ပြီး ကြည့်လိုက်တော့ သားတို့က ဖက်ပြီးအိပ်နေကြသေးတာမို့ ရှောင်မားတံခါးပိတ်ပြီး ပြန်ဆင်းလာလိုက်သည်။
"ယောင်္ကျား သားတို့ကို မစောင့်နဲ့တော့ အိပ်နေသေးတယ်"
"ဟုတ်ပါပြီ အဲ့ဆို ကိုယ်တို့စားကြတာပေါ့"
နေ့လယ်စာတော့ အတူစားခဲ့ကြပေမယ့် ညစာတော့ ရှောင်ပါးနဲ့ရှောင်မားသာ ကျန်နေတော့သည်။