Part-5

4.6K 264 12
                                    

Unicode

   ကျောင်းပိတ်နေတဲ့ အတွင်းမာ မထင်ထားပဲ ကြုံတွေ့ရတဲ့ အရာတွေကြောင့် ရိပေါ်မာ သူငယ်ချင်းတွေနဲ့ အရင်လို ပျော်ပျော်ပါးပါးမရှိတော့ဘူး။ သူနဲ့ဦးကျန့် လက်ထပ်ပြီးကတည်းက ဆုံကိုမဆုံရတော့တာ ။ သူ့မာ ငယ်ပေါင်းဖော် သူငယ်ချင်း နှစ်ယောက်ရှိတယ်။ တစ်ယောက်က ဟောက်ရွှမ်း ၊ နောက်တစ်ယောက်က ကျိရန် ။ ဆိုင်ကယ်တွေ စကိတ်တွေ ပြိုင်စီးတတ်တဲ့ သူငယ်ချင်းကို သူသတိရပေမယ့် သူ့မာအရင်ကလို ပျော်ပါးဖို့ အချိန်မရှိတော့ဘူး ။

သူ့မာ လက်ထပ်ပြီးသလို သူ့မာလုပ်ရမယ့် အလုပ်တွေလည်း ရှိနေပြီ....အကြွေးပါ ရှိ‌ထားတော့ ပိုလို့တောင် နားလို့မရတော့တာ။

သခင်လေးလို အမြဲနေလာတာမို့ ရုတ်တရက် ပြောင်းလဲသွားသော ကံကြမ္မာကြောင့် အလုပ်တွေချည်း ဖိလုပ်နေရတာ မပင်ပန်းဘူးလားဆိုရင် လိမ်ရာကျမာပေါ့။ ပင်ပန်းတယ် အရမ်းကိုပင်ပန်းတာ....ဒါပေမယ့် သူနားလို့ မရဘူးလေ
ဘယ်တတ်နိူင်မလဲ ပင်ပန်းလည်း ဋသည်းခံရုံပေါ့ ....သူ့ကံကိုက မကောင်းတာကို

မနေ့ကတည်းက ကောင်းကောင်းအိပ်မပျော်တာမို့ ဒီနေ့မာ စိတ်ရောလူရော နုံးနေတာပဲ....

မနေ့ညက ဦးကျန့်က သူနဲ့ထမင်းမစားဖြစ်ဘူး ၊ ကျဲနဲ့စားလာ ပြီးပြီမို့တဲ့

အရင်ညလိုမျိုး ဂရုစိုက် အရေးထားတာ ခံရတော့ ဦးကျန့်ကကျဲနဲ့။စားပြီလို့ပြောတော့ သူအလိုမကျချင် ...ဝမ်းနည်းလာတယ်....ငိုချင်လာတယ်

ဦးကျန့်နဲ့ထမင်းလက်စုံ စားရပြီးကတည်းက သူကျဲကို မေ့နေတာပဲ....ဦးကျန့်ပြောလိုက်မှ သူ့နေရာကို သူပြန်သိတာ.... သူမကောင်းဘူးမလား ဦးကျန့်က သူ့ကိုနည်းနည်းလေး အရေးပေးရုံနဲ့ သူ့လောဘတက်ချင်တဲ့စိတ်က တဟုန်တိုးလာပြန်ရော

ချစ်ရဲရင် နာကျင်ဖို့ ခံနိူင်ရည်ရှိရမယ်ဆိုတာ သိပေမယ့် တကယ်တမ်းလက်တွေ့တော့ တစ်ဖတ်သတ်အချစ်က အရမ်းခံရခက်တာ🥺

"သား သားနေမကောင်းဘူးလား" ‌

ဒေါ်လေး သူမသားကို ကြည့်ရတာ အရင်ရက်လို တက်တက်ကြွကြွမရှိပဲ မျက်နှာကလေး ညိုးငယ်စွာနဲ့ အလုပ်စားပွဲခုံပေါ်မာ မှောက်ထားတာ ကြာနေပြီမို့ သားအနားလာလိုက်တာ

U Zhan ( Completed )Where stories live. Discover now