Unicode
သူမဖက်ထားတဲ့ လက်ကို လွှတ်ကာ ရှောင်လွဲနေတဲ့ကိုကြောင့် ကျစ်ရှဆီဒေါသထွက်ချင်လာတယ် ။ ကိုက ဘာသဘောလဲ?
"ကို ဘာဖြစ်တာလဲ အခုတလော ဇီကိုရှောင်နေသလိုပဲ ကိုဇီကိုမချစ်တော့ဘူးလား ?"
သူမစကားကို ပြန်မဖြေပဲ အားနာသလိုနဲ့ ကြည့်လာတဲ့ ကို့မျက်လုံးကြောင့် ကျစ်ရှဇီရှောင်လွဲနေမိတယ်။ ဇီကို အဲ့လိုမကြည့်ပါနဲ့ ကို
"ဘာလို့လဲ ဘာလို့လဲ ဟိုကောင် ဝမ်ရိပေါ်ကြောင့်လား?"
"ဇီ သည်းငယ်ကို အဲ့လိုမခေါ်နဲ့"
"ဘာ!!!!ဘာတဲ့ သည်းငယ် သည်းငယ်ဟုတ်လားကို ၊ကိုရူးသွားတာလား ဝမ်ရိပေါ်ကို ဘာလို့သည်းငယ်လို့ ခေါ်တာတုန်း"
"တောင်းပန်ပါတယ် ဇီ "
သူမနဲ့တွဲလာတာ နှစ်နဲ့ချီပြီးတာတောင် သူမကို ချစ်စနိူးနာမည်နဲ့မခေါ်ဖူးတဲ့ ကိုက အခုဝမ်ရိပေါ်ကို သည်းငယ်တဲ့ အဟက် ကိုတကယ်ချစ်တတ်နေပြီပဲ😏
တွေ့ကြသေးတာပေါ့....လူတွေကလည်း ဝိုင်းကြည့်လာကြတာမို့ ကျစ်ရှဇီ ရှောင်ကျန့်ကို ကြည့်ပြီး ထွက်သွားလိုက်သည်။
ဇီထွက်သွားမှ ရှောင်ကျန့်လည်း သက်ပြင်းလေးချကာ အပေါ်ထပ်မာ ရှိတဲ့ သူ့နေရာကို တက်လာခဲ့သည်။
သူဇီကို သည်းငယ်နဲ့ ရှင်းရှင်းလင်းလင်း မိတ်ဆက်ပေးမာပါ။
အခုတော့ သူအလုပ်ရောက်ပြီဖြစ်ကြောင့် သည်းငယ်ဆီ စာပို့ပြီးမှ သူအလုပ်လုပ်နေတော့တယ်
ရိပေါ် ဦးကျန့်ရဲ့ အလုပ်ရောက်ပြီ သည်းငယ်ဆိုတဲ့ စာလေးတစ်စောင်ကြောင့် သူပြုံးနေလိုက်သည်။ဦးကျန့်က သူ့ကိုချစ်တယ်လို့ ပြောပြီးကတည်းက ဘာလုပ်လုပ် ရိပေါ်ကို အရင်ပြောပြတတ်တယ် ကျဲကိစ္စက လွဲရင်ပေါ့
ဦးကျန့်က မပြောလည်း သူမမေးမိ ၊ ဦးကျန့်က အားတဲ့အချိန်ဆို သူနဲ့ပဲ အမြဲရှိနေပေးတာမလား? နောက်ပြီး သူသိလည်း ပျော်ရမယ့် ကိစ္စမှမဟုတ်တာ....တစ်ကောင်းဆန်တယ်ပြောပြော အတ္တကြီးတယ်ပြောပြော သူကတော့ ဦးကျန့်မပြောလေ ပိုပျော်လေပဲ