Unicode
ဦးကျန့်သိလား ဒီစကားကို သားမျှော်နေခဲ့တာ ။ ဘာလို့ အခုမ ပြောထွက်ရတာလဲ???
အခုတော့ သားဒီစကားကြားလည်း မပျော်တော့ဘူး😭။
"သည်းငယ် ဦးကျန့် တောင်းပန်ပါတယ် ဦးကျန့်ကို မထားခဲ့ပါနဲ့လား သည်းငယ်မရှိပဲ ဦးကျန့် နေနိူင်မာ မဟုတ်ဘူး ဦးကျန့်တို့အတူတူနေသွားကြမယ်နော် "
"ဦးးးးးကျန့် "
"ဦးကျန့် သည်းငယ်နဲ့မခွဲဘူးနော် သည်းငယ်နဲ့ လမ်းမခွဲနိူင်ဘူး "
"ဦးကျန့် ခနလွှတ်ဦး "
"မလွှတ်ဘူး ဦးကျန့်မလွှတ်ဘူး ဦးကျန့်တောင်းပန်ပါတယ် ဦးကျန့်ကို မလွှတ်ခိုင်းပါနဲ့ "😭
ငိုသံနဲ့အတူ သူ့ကိုပိုတင်းကြပ်စွာ ဖက်လာတဲ့ ဦးကျန့်ကြောင့် ရိပေါ်မျက်ရည်တွေကြား ပြုံးမိပါတယ်
ဒီပုံစံက သူမရှိရင် ဦးကျန့်ဘယ်လိုနေမာ။
"ဦးကျန့် တောင်းပန်ပါတယ် "
သည်းငယ်စကားကြောင့် ရှောင်ကျန့်ဖက်တာကို အနည်းငယ် လွှတ်လျှော့လာတယ်။ သည်းငယ်က သူ့ကိုတကယ်ပဲ ထားခဲ့တော့မလား? မဖြစ်ဘူးနော် သည်းငယ်နဲ့ခွဲရမယ်ဆိုရင် ဦးကျန့်သေတာမှ ပိုကောင်းဦးမယ်။
ဟုတ်တယ် သူသေမှ သူသေမှ သူသည်းငယ်နဲ့ ခွဲပြီးမနေနိူင်ဘူးးးး
"ဦးးးးကျန့် "
ရိပေါ်ကို ဖက်ရာကနေလွှတ်ကာ ဘယ်ကနေယူလာမှန်း မသိတဲ့ ကတ်ကြေးနဲ့ ဦးကျန့်လည်ဘင်းကို ပြန်ထိုးဖို့ လုပ်နေတဲ့ ဦးကျန့်ကြောင့် ရိပေါ်လန့်ရပါတယ်
"သည်းငယ် ဦးကျန့်တောင်းပန်ပါတယ် သည်းငယ်မရှိတာထက် ဦးကျန့်သေလမ်းပဲ ရွေးမယ် ဦးကျန့်တောင်းပန်ပါတယ် သည်းငယ်ကို နာကျင်အောင်ခဲ့မိလို့ ဦးကျန့်တောင်းပန်ပါတယ်"
"ဦးကျန့် အဲ့ကတ်ကြေးကို အောက်ချလိုက်ပါ"
"မချဘူး သည်းငယ်မရှိတာထက် ဒီလမ်းက ဦးကျန့်အတွက် အဆင်ပြေဆုံးပဲ သည်းငယ်သိလား ဦးကျန့်နဲ့သည်းငယ် ပေါင်းစပ်ထားတဲ့
အချစ်နွယ်ပင်လေး ရှိတာ ဦးကျန့်ဘယ်လောက်ထိပျော်သလဲဆိုတာကို ဦးကျန့်က
ဒယ်ဒီဖြစ်တော့မယ် ဆိုတာတွေးပြီး ဦးကျန့်ကြည်နူးနေခဲ့တာ ဒါပေမယ့် အဲ့ပျော်ရွှင်ခြင်းက
သည်းငယ်အသက်နဲ့ ဆိုင်တဲ့ကိစ္စမို့ ဦးကျန့်မလိုချင်တာ ဦးကျန့်အတွေးမှားသွားတယ်"