Part :40

2K 115 8
                                    

Unicode

"ဦးကျန့် သားကို မချစ်တော့ဘူးလား ?"

"သည်းငယ် "

"ဟုတ်တယ်မလား သားသိပါတယ် ဦးကျန့်သားကို မချစ်တော့ဘူးဆိုတာကို အီးးးးး😭 "

"သည်းငယ်ရာ ဘာလို့အဲ့လိုတွေးရတာလဲ မငိုပါနဲ့ မငိုပါနဲ့တော့နော် "

သားအခု အရမ်းနာကျင်ပြီး ဝမ်းနည်းတယ်သိလား ဦးကျန့် ၊ ချစ်ရသူဆီက ဒီလိုမျိုး ပြစ်ပယ်ခံရတာကို အရမ်းနာကျင်ရတယ်

သူက ကလေးလိုချင်တယ်လို့ပဲ ပြောတာလေ သူ့ကိုမထိတွေ့ချင်တော့တဲ့အထိ ဖြစ်သွားတာလား??

"မငိုပါနဲ့တော့ ဦးကျန့်တောင်းပန်ပါတယ် "

"အီးးးးးးးး😭 ဦးကျန့် သားကိုချစ်လား "

မျက်ရည်တွေနဲ့ မေးလာသော သည်းငယ်ကို ရှောင်ကျန့်လွှတ်ထွက်သွားမာ စိုးသည့်အလား တင်းကြပ်နေအောင် ဖက်ထားလိုက်သည်

"ချစ်တာပေါ့ အရမ်းချစ်လွန်းလို့ သည်းငယ်ကိုယ်ပေါ်က အနာသေးသေးကအစ အဖြစ်မခံချင်တာ သည်းငယ်သိလား??? သည်းငယ်ကို
မချစ်တာမဟုတ်ဘူး အဲ့အချစ်ကြောင့် သည်းငယ်နာကျင် သည်းငယ်ပေးဆပ်ရမယ့် အရာတွေ
ဦးကျန့်မလိုချင်ဘူး ဦးကျန့်မာ သည်းငယ်ပဲ ရှိတယ် သည်းငယ်ကိုပဲ လိုချင်တယ် သည်းငယ်
မဟုတ်တဲ့ ဦးကျန့်သွေးသားတောင် ဦးကျန့်မလိုချင်ဘူး ‌သည်းငယ်သိလား အဲ့ကိစ္စက အရမ်းအန္တရာယ်များတယ်ဆိုတာ မယူပါနဲ့တော့
ဦးကျန့် အတွက်ဆိုရင် ဦးကျန့်မလိုချင်ဘူး အဲ့ကလေးကြောင့် သည်းငယ်တစ်ခုခုဖြစ်သွား
မယ်ဆိုရင် အဲ့ကလေးကို ဦးကျန့်လည်း ချစ်ပေးနိူင်မာမဟုတ်ဘူး သည်းငယ်ကလေးလို
ချင်
ရင် ဦးကျန့်တို့မွေးစားကြမယ်လေ အဲ့လိုမျိုးဆို
ဦးကျန့်လက်ခံပေးမယ် သူစိမ်းသွေးသားကို လိုချင်လို့ မဟုတ်ဘူးနော် သည်းငယ်လိုချင်‌
ရင်
ပေါ့ ဦးကျန့်အတွက် သည်းငယ်က လွဲရင် ဘာမှ မလိုချင်ဘူး ဦးကျန့်မချစ်ဘူးဆိုတာလည်း
မတွေးပါနဲ့ သိလား အဲ့စကားက သည်းငယ်အတွက် နာကျင်ရသလို ဦးကျန့်ကလည်း သေမလို ခံစားရပါတယ် မငိုပါနဲ့တော့ ဦးကျန့်ရဲ့သည်းငယ်ရာ "

"အီးးးးးး😭ဦးကျန့် ဘာလို့သားကိုမယုံတာလဲ
သားက ဦးကျန့်နဲ့သားရဲ့ကလေးပဲ လိုချင်တာ
သားဘာမှမဖြစ်အောင် ဦးကျန့်ဂရုစိုက်ပေးလေ
သားကိုယ်တိုင်လည်း ဂရုစိုက်မယ် သားကတိပေးတယ် ဘာမှမဖြစ်စေရဘူးလို့ သားကိုယုံကြည်ပေးပါ ဒီတစ်ခါပဲ အီးးးးး😭နောက်ဆို
သားမဆိုးတော့ဘူးလေနော် ဦးကျန့်နော် "

U Zhan ( Completed )Where stories live. Discover now