Unicode
ကျစ်ရှဇီတစ်ယောက် အိမ်ကထွက်ပြီးကတည်းက အခုဆို သုံးလရှိနေပြီ သူမရဲ့ဗိုက်က အခုဆို လေးလကျော်လို့ ငါးလဖြစ်နေပြီ
ပါလာတဲ့ ပိုက်ဆံနဲ့ခြွေတာပြီး သုံးနေပေမယ့် သိပ်မကျန်တော့သလို
အလုပ်လုပ်ကြည့်တာလည်း မလုပ်တတ်မကိုင်တတ်ဆိုပြီး ဘယ်သူမှမလိုချင် နှစ်ရက်သုံးရက် လုပ်ပြီးတာနဲ့ သူမကိုမောင်းထွက်နေကြတာပဲ
သူမအခုရောက်နေတာက ရွာလေးတစ်ရွာဆိုပေမယ့် ဒီရွာထဲမာ လူချမ်းသာချည်းပဲ ဖြစ်နေတာ
စိုက်ပျိုးရေး လုပ်ကိုင်နေကြတယ်ဆိုပေမယ့် ဒီရွာရဲ့ချမ်းသာမှု့ကတော့ အံ့မခန်းပါပဲ
သူတို့လေးတွေက ကိုယ်တိုင်စိုက်ပြီး ဟိုဘက်ဈေးထဲမာ သွားရောင်းနေကြတာ
တစ်ခါတစ်လေ သူမလည်း အဖွားနဲ့လိုက်တယ်
အဖွားဆိုတာ သူမဒီရောက်လာပြီး အိမ်ငှားပေးတဲ့အဖွား
ချက်ပြုတ်ရေးနဲ့ ဝေးနေတဲ့ သူမက အဖွားကပဲ လုပ်ပေးတာ.....အဖွားကို အားနာပေမယ့် သူမက မလုပ်တတ်တာမို့ အားနာနာနဲ့ပဲ ယူစားခဲ့တာ
အဖွားကပြောတယ် အဖွားမာ မြေးတစ်ယောက်ရှိတယ်တဲ့။ အခုက ရှန်ဟိုင်းမာ ရောက်နေတာ မနက်ဖြန်ကျရင် ပြန်လာမယ်တဲ့လေ...အခုတော့ ကျစ်ရှဇီက အဖွားအိမ်မာ ငှားနေပြီး အဖွားချက်ကျွေးတာကို စားနေရတယ်
အဖွားရဲ့ စိုက်ခင်းထဲမာ သူမတတ်နိူင်သလောက် ကူလုပ်ပေးပြီး အဖွားဈေးမာ သွားရောင်းလည်း ကျစ်ရှဇီက ကူတတ်သေးတယ်
.
"ဖွား အဖွားရေ သားပြန်လာပြီ အဖွားရေ"မီးဖိုချောင်ထဲမာ ချက်ပြုတ်နေရင်း မြေးလေးရဲ့ အသံဆာဆာလေးကို လှမ်းကြားတော့ အဖွားဖြစ်သူက မီးဖိုချောင်ထဲ ထွက်သွားပြီး သူမမြေးလေးကို သွားကြိုလိုက်သည်။
"အဖွား သားပြန်လာပြီ အဖွားကို လွမ်းနေတာပဲ"
ကျစ်ရှဇီမာ အိပ်ယာတောင် မနိူးသေးဘူး အဖွားကို လှမ်းအော်တဲ့ လူတစ်ယောက်ကြောင့် သူမထလာခဲ့တာ ၊ ကြည့်ရတာ အဖွားမြေးလေး ပြန်လာပြီထင်တယ်