Part :48 (Final)

4.6K 179 11
                                    

Unicode

"မကြည့်နဲ့ သည်းငယ်က ဦးကျန့်အပိုင်"😎

လူတွေအားလုံးကတော့ ဖြူစွတ်စွတ်ကောင်လေးကို နောက်ကျောမာ ဝှက်ထားတဲ့ ထိုသားအဖကြောင့် ရီနေကြသည်။

သဝန်တိုလိုက်တာလည်း လွန်ပါ့ 😁ရိပေါ်တော့ ဦးကျန့်တို့ သားအဖကြောင့် လူတွေကို အားနာရပါတယ်

"ဦးကျန့် သားဗိုက်ဆာပြီ"

"အင်း သွားရအောင် "

"ပါပါး ကို မကြည့်နဲ့ အီးးးးးးပါပါး "

"လာ ပါပါး ချီမယ် သူတို့မကြည့်ဘူးလေ မငိုနဲ့ "

ဦးကျန့်လက်ပေါ်ကနေ သူချီဖို့လုပ်လိုက်တော့ သူ့ဆီကို လက်ဆန့်လာတဲ့ သားရှောင်ပေါ်ပီ
မျက်နှာကလည်း မျက်ရည်တွေနဲ့ ရွှဲနေတာ

"သည်းငယ် လာ သွားရအောင်"

"ဟုတ်"

သားအဖ သဝန်တိုမှု့ကြောင့် ကစားကွင်းရောက်တာ အများကြီး မလည့်ပတ်ရ

ကားပေါ်ရောက်တော့ ဦးကျန့်က ကားမောင်းပြီး သူကတော့ ‌သားကိုချီရင်းနဲ့ ပါလာခဲ့သည်။ VIPအခန်းယူထားတာမို့ ဒီတစ်ခေါက်တော့ လူကြည့်လာတာတို့ မရှိတော့ဘူး

အခန်းထဲရောက်တော့ ဦးကျန့် ဟင်းမာပြီး ရိပေါ်နဲ့သားကတော့ ပါလာတဲ့ ဆိုင်ကယ်အရုပ်သေးလေး တစ်ခုကို ကစားနေတော့၏

သားလေးက စောနက ငိုနေတာ သူမဟုတ်တဲ့အတိုင်း အခုတော့ တဗွူးဗွူးနဲ့ ကစားနေလိုက်တာ

"သည်းငယ် သား လာတော့ ထမင်းစားကြမယ်"

"ဟုတ် ဦးကျန့် "

"ဒယ်ဒီ သားလည်း ဗိုက်ဆာတယ် "

သူ့ပေါင်ပေါ်ပြေးတက်လာကာ သူလည်းဗိုက်ဆာကြောင်း ပြောလာတဲ့သားက ဆိုင်ကယ်အရုပ်တောင် မချဘူး

"ဟုတ်လား ဒယ်ဒီလုပ်ပေးမယ် ဆိုင်ကယ်ကို ခနချထားဦးလေ"

ရိပေါ်တော့ ဦးကျန့်အဆင်သင့် လုပ်ပေးထားတာကို စားနေတော့သည်။ ဦးကျန့်က သားကိုပဲ
အရင်ကျွေးတာမို့ တစ်ခါတစ်ခါ သူဦးကျန့်ကို ခွံပေးလိုက်သည်။

ဦးကျန့်က သားကိုခွံပေးလိုက် ရိပေါ်အတွက် လုပ်ပေးလိုက်နဲ့ သူ့လက်နဲ့တော့ ထမင်းတစ်ဇွန်းမှ မဝင်သေးးးး ရိပေါ်မခွံပေးရင် အခုထိစားရသေးတာ မဟုတ်ဘူးးးး

U Zhan ( Completed )Where stories live. Discover now