Part :45

2.4K 139 15
                                    

Unicode

"အီးးးးးး ဒေါ်လေး ဦးကျန့်က သားကို မချစ်တော့ဘူး 😭"

"သည်းငယ် "

ရှောင်ကျန့်မာ အိမ်ထဲရောက်ရောက်ခြင်း ကြားရသော သည်းငယ်စကားကြောင့် ဆစ်ကနဲ့နာကျင်ပြန်တဲ့ သူ့နှလုံးသား

"သည်းငယ် ဦးကျန့်တောင်းပန်ပါတယ် ဦးကျန့်တောင်းပန်ပါတယ် "

ဦးကျန့်အသံကြားသလိုမို့ ဒေါ်လေးရင်ခွင်ထဲက ထွက်ကာ နောက်လည့်ကြည့်တော့ သူ့ကိုပြေးဖက်လာသော ဦးကျန့်

ဦးကျန့်က သူ့ကိုထပ်အော် မလိုလား??

သူ့ကိုဖက်သွယ်လာသော ဦးကျန့်ကို သူပြန်မဖက်မိ ။ ဦးကျန့်က ဘာလဲ အော်လိုက် ပြန်ငိုလိုက်နဲ့ ဦးကျန့်ကို သူနားမလည်တော့ဘူးးးး

"သည်းငယ် ဦးကျန့်တောင်းပန်ပါတယ် ဦးကျန့်တောင်းပန်ပါတယ်နော် "

သူဖက်ထားတာကို ပြန်လည်ဖက်သွယ်ခြင်း မရှိသော သည်းငယ်ကြောင့် ရှောင်ကျန့်တစ်ယောက် ရင်နာပြီးရင်း ရင်နာရပါတယ်

"လွှတ် လွှတ်ပါဦး "

သူ့ကိုတွန်းကာ လွှတ်ခိုင်းသော သည်းငယ်ကြောင့် ရှောင်ကျန့်လွှတ်ပေးလိုက်သည်။

"ဦးကျန့်တောင်းပန်ပါတယ် ဦးကျန့်တို့ အိမ်ပြန်ရအောင်နော် "

"ဟင့်အင့် မပြန်ဘူး "

"သည်းငယ် "သား "

"အီးးးးး😭 ဒေါ်လေး သားမပြန်ဘူးနော် သားမပြန်ဘူးနော် "

သူနဲ့မပြန်ချင်လို့ ဒေါ်လေးနောက်ကို ပြေးသွားကာ ငိုနေတဲ့သည်းငယ်ကြောင့် ရှောင်ကျန့် သေသာသေပစ်လိုက်ချင်တယ်

သည်းငယ်က သူ့ကိုကြောက်သွား‌တာလား? သည်းငယ် သူ့ကို စိတ်နာသွားပြီလား?

"သည်းငယ် ‌ဦးကျန့် "

"မပြန်ဘူး အီးးးးးးဒေါ်လေး သားမပြန်ဘူးနော် အီးးးးးသားမပြန်ဘူးနော် "

အားလုံးကတော့ ရိပေါ်ကို ကြည့်ပြီး မျက်ရည်ကျရပါတယ် ။ သူဘယ်လောက်ထိ နာကျင်နေမာ

"သားကျန့် အရင်ပြန်လိုက်ပါ "

"ဒေါ်လေး "

"ပြန်လိုက်ပါ အရင်ပြန်လိုက်ပါ ဒေါ်လေးသား ငိုတာကို မမြင်ချင်တော့ဘူး သားကျန့်အရင်ပြန်လိုက်ပါ သားကိုစိတ်မပူပါနဲ့ "

U Zhan ( Completed )Where stories live. Discover now