Part-3

4.6K 330 21
                                    

Unicode

  ရှောင်ကျန့်အလုပ်သွားဖို့ အောက်ကိုဆင်းလာတော့ ကောင်လေးကိုမတွေ့

"မျန်မျန် လာဦး "

"ဟုတ် သခင်လေး "(မျန်မျန်က ရှောင်မားထည့်ပေးလိုက်တဲ့ အိမ်အကူမလေး)

"မင်း အစ်ကိုလေးကို သွားနိူးလေ မနက်စာစားရအောင်"

"ဟို..အစ်ကိုလေးက အလုပ်သွားပါပြီ သခင်လေး"

မျန်မျန်စကားကြောင့် ရှောင်ကျန့်မျက်ခုံးတစ်ဖက် တွန့်သွားတယ်။ Boss ဖြစ်တဲ့သူတောင် မသွားသေးတာ ‌ကောင်လေးလိုကလေးလေးက အလုပ်သွားပြီဆိုတော့ သူ့ထက်တောင် အလုပ်များနေတာပဲ

မျန်မျန်ကို ခေါင်းညိတ်ပြကာ သူလည်းစားချင်စိတ်မရှိတော့တာမို့ အိမ်ကနေထွက်လာလိုက်သည်။
.
"သား အစောကြီး ရောက်နေတာပဲ"

ဒေါ်လေးက ထိုင်ခုံမာထိုင်ပြီး ကွန်ပျူတာတစ်လုံးနဲ့ အလုပ်ရှုပ်နေတဲ့ သားကိုတွေ့လို့ မေးလိုက်တာ

"မကြာသေးဘူးဒေါ်လေးရေ သားသင်ယူစရာလေးတွေ ကျန်နေသေးလို့"

"အင်းပါ ဖြည်းဖြည်းချင်းလုပ်နော် အရမ်းပင်ပန်းနေလိမ့်မယ် ဒီမာသားဖို့ ဒေါ်လေး  ထမင်းဗူးယူလာပေးတယ်"

သူ့ခေါင်းကို ဖွပြီးတော့ ပြောလာတဲ့ဒေါ်လေးက မိခင်မေတ္တာစိတ်အပြည့်နဲ့ သူလည်းဒေါ်လေးကို ပြုံးပြကာ အလုပ်ဆက်လုပ်နေလိုက်သည်။

ကျောင်းတက်နေသေးတယ်ဆိုပြီး အလုပ်ကိစ္စကကို အရင်ကသူစိတ်မဝင်စား
သူငယ်ချင်းတွေနဲ့ လုပ်ချင်ရာလုပ်မယ် ၊ပျော်ပျော်နေတယ်၊ဒေါ်လေးကလည်း သူလိုရာအတိုင်း ဖြည့်ဆည်းပေးတာမို့ အလုပ်ကိစ္စနဲ့ ပတ်သက်ရင် သူဘာမှမသိ။
ဒေါ်လေးအပေါ်ဆိုးမယ်၊ချွဲမယ် လိုချင်တာလေးကို ပူစာမယ် စကိတ်စီးတယ် ၊ဆိုင်ကယ်မောင်းတယ် ဒါအရင်က နေတဲ့ပုံစံလေး

အခက်ခဲဆုံးအချိန်ဖြစ်နေတာတောင်မှ သူဒေါ်လေးကို ဘာမှမကူညီတတ်၊ မနေ့ကကိစ္စ
ကို ဒီနေ့ထိသယ်လာလို့ မရတော့ပေမယ့် ပြန်ပြင်ဖို့တော့ သူ့မာအခွင့်အရေး ရှိသေးတာမို့ အလုပ်ကြိုးစားမယ် ၊အသုံးအဖြုန်းတွေ မလုပ်တော့ဘူး ချွေတာရမယ် ဒါမှသူလည်းထိုလူကို အကြွေးပြန်ဆပ်လို့ရမာ

U Zhan ( Completed )Where stories live. Discover now